"လူမှုရေးပင်စင် ထုတ်ယူနိုင်ဟု အသိပေး"
28 Aug
လူမှုရေးပင်စင်မှာ အကျိုးခံစားခွင့်ရှိသူ သက်ကြီးပုဂ္ဂိုလ်တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ အသက် ၂ နှစ်အောက် ကလေးငယ်တွေအတွက် အကျိုးခံစားခွင့်ရှိသူတွေအနေနဲ့ လာမယ့် စက်တင်ဘာလကစပြီး ထောက်ပံ့ငွေထုတ်ယူ နိုင်တယ်လို့ နိုင်ငံပိုင်သတင်းစာကတစ်ဆင့် ထုတ်ပြန်ထားပါတယ်။ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ် ၁၅ ခုရှိ လူမှုရေးပင်စင်အစီအစဉ်မှာ အကျိုးခံစားခွင့် ရှိတဲ့ အသက် ၈၅ နှင့်အထက် သက်ကြီးပုဂ္ဂိုလ်တွေဟာ သက်ဆိုင်ရာမြန်မာ့စီးပွားရေးဘဏ်ခွဲတွေမှာ စက်တင်ဘာလ ၁ ရက်ကနေ နိုဝင်ဘာလ ၂၈ ရက်အထိ ထောက်ပံ့ငွေတွေကို ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။ အလားတူ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နဲ့ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ ငွေကြေးထောက်ပံ့တဲ့ အစီအစဉ် (MCCT)မှာပါဝင်တဲ့ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ အသက် ၂ နှစ် အောက်ကလေးငယ်တွေအတွက် သက်ဆိုင်ရာမြန်မာ့စီးပွားရေးဘဏ်ခွဲတွေမှာ စက်တင်ဘာလ ၂၂ ရက်ကနေ ဒီဇင်ဘာလ ၂၂ ရက်အထိ ထောက်ပံ့ငွေတွေကို ထုတ်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ထောက်ပံ့ငွေထုတ်ယူဖို့အတွက် အကျိုးခံစားခွင့်ရှိသူကိုယ်တိုင် ဒါမှမဟုတ် ကိုယ်စားလှယ်တွေအနေနဲ့ နိုင်ငံသားအသိအမှတ်ပြုကတ်ပြား(မူရင်း) ယူဆောင်ကာ ထောက်ပံ့ငွေထုတ်ယူရမှာဖြစ်ပြီး ထောက်ပံ့ငွေနဲ့ပတ်သက်လို့ လူမှုဝန်ထမ်းဦးစီးဌာနကို စုံစမ်းမေးမြန်း နိုင်တယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။(NVS 004)