ကင်ဂျုံအန် နှင့် ယခုနှစ်တွင်တွေ့ဆုံရန် မျှော်လင့်ကြောင်း ထရမ့် ပြောကြား

27 Aug

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ၎င်းအနေဖြင့် မြောက်ကိုရီးယားနိုင်ငံ(DPRK) ထိပ်တန်း ခေါင်းဆောင် ကင်ဂျုံအန် နှင့် ယခုနှစ်နှောင်းပိုင်းတွင်တွေ့ဆုံရန် မျှော်လင့်ကြောင်း ဩဂုတ်လ ၂၅ ရက်၌ ပြောကြားခဲ့သည်။ အမေရိကန်နိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော တောင်ကိုရီးယားသမ္မတ လီဂျေမြောင် နှင့် တွေ့ဆုံမှုအစပိုင်းအတွင်း အိမ်ဖြူတော်၌ သတင်းထောက်များနှင့်တွေ့ဆုံရာတွင် ထရမ့် က ကင်နှင့် “အလွန် ကောင်းသောဆက်ဆံရေး” ကို ထိန်းသိမ်းထားပြီး ၎င်းနှင့် ထပ်မံတွေ့ဆုံနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ “ကျွန်တော် သူနဲ့ တကယ်အဆင်ပြေပါတယ်။ သူ့မှာ ကောင်းမွန်တဲ့အလားအလာ၊ ကြီးမားတဲ့ အလားအလာရှိတဲ့ နိုင်ငံရှိတယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ထရမ့် က ပြောကြားခဲ့သည်။ ထရမ့်၏ ပထမဆုံးသမ္မတသက်တမ်းအတွင်း ၎င်းနှင့် ကင် တို့က ၂၀၁၈ ခုနှစ် ဇွန်လတွင် စင်ကာပူ၌ ပထမဆုံးတွေ့ဆုံခဲ့ပြီး ယင်းက ပထမဆုံးသော အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးအစည်းအဝေးဖြစ်သည်။ ၎င်းတို့သည် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် ဗီယက်နမ်နိုင်ငံ မြို့တော်ဟနွိုင်း၌ ထပ်မံတွေ့ဆုံခဲ့ပြီး ၎င်းနှစ်၌ပင် ဇွန်လနှောင်းပိုင်းတွင် ကိုရီးယားနှစ်နိုင်ငံနယ်စပ်ရှိ ပန်မွန်ဂျုံကျေးရွာ၌လည်း ထပ်မံတွေ့ဆုံခဲ့ကြသည်။

27 Aug

ADVERTISE HERE .