“၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများ ဆေးတက္ကသိုလ်များ၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များသို့ ဝင်ခွင့်လျှောက်ထားနိုင်”

27 Aug

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီးသော ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနအောက်ရှိ ဆေးတက္ကသိုလ်များ၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များနှင့် ဆေးပညာ နှီးနွှယ်တက္ကသိုလ်တစ်ခုခုသို့ ပထမဦးစားပေးလျှောက်ထားလိုသူများအနေနဲ့ တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေးအဖွဲ့ (အဆင့်မြင့်ပညာဦးစီးဌာန)မှ ထုတ်ပေးသည့် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာစာအိတ်ဖြင့် လျှောက်ထားနိုင်ကြောင်း သိရ ပါတယ်။ ဆေးဝါးတက္ကသိုလ်များ၊ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်၊ သူနာပြုတက္ကသိုလ်များနှင့် အခြေခံကျန်းမာရေး တက္ကသိုလ်သို့ ပထမဦးစားပေးလျှောက်ထားသူများသည် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာစာအိတ်ကို ပညာရေးဝန်ကြီး ဌာနအောက်ရှိ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန(နေပြည်တော်)၊ ဆေးတက္ကသိုလ်(၁)ရန်ကုန်၊ ဆေးတက္ကသိုလ် (၂)ရန်ကုန်၊ ဆေးတက္ကသိုလ်(မန္တလေး)၊ ဆေးတက္ကသိုလ်(မကွေး)၊ ဆေးတက္ကသိုလ်(တောင်ကြီး)၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်(ရန်ကုန်)နှင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် (မန္တလေး) စသည်တို့၌ လျှောက်လွှာများ တင်သွင်း နိုင်မှာဖြစ်ပါတယ်။ ဆေးတက္ကသိုလ်များ၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များ၏ ဝင်ခွင့် ရွေးချယ်ရေးကို တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်တွင် ဖော်ပြထားသည့်အတိုင်း ရွေးချယ်သွားမည်ဖြစ်၍ တက္ကသိုလ် ဝင်ခွင့် လမ်းညွှန်စာအုပ်အား သေချာစွာဖတ်ရှုပြီးမှသာ ဝင်ခွင့်လျှောက်ထားရန် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာနမှ အသိပေးထားပါတယ်။ တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာစာအိတ်များကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်မှ ၁၉ ရက်အထိ စနေနေ့၊ တနင်္ဂနွေနေ့နှင့် ရုံးပိတ်ရက်များအပါအဝင်(ပိတ်ရက်မရှိ) လက်ခံပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS-004)

27 Aug

ADVERTISE HERE .