“နိုင်ငံတကာသို့ မြန်မာ့ကော်ဖီထိုးဖောက်နိုင်ရန် JCI Myanmar နှင့် JCI Aichi Block Japan ပူးပေါင်းဆောင်ရွက်မည်”

27 Aug

JCI Myanman၊ JCI Aichi Block Japan နှင့် MAJA တို့ပူးပေါင်း၍ မြန်မာ့ကော်ဖီအား နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်နိုင်ရန် လုပ်ဆောင်လျက်ရှိနေသည့် အစီအစဉ်များမိတ်ဆက်ပွဲကို ဩဂုတ်လ ၂၆ ရက်က ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်ရှိ MAJA Education Center ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ အခမ်းအနားတွင် JCI Myanmar မှ ပရောဂျက်အဖွဲ့ခေါင်းဆောင် Mr. Yamada က မြန်မာ့ကော်ဖီအား နိုင်ငံတကာ ဈေးကွက်သို့ ထိုးဖောက်နိုင်ရေး လုပ်ဆောင်နေသည့်အစီအစဉ်များကို မိတ်ဆက်ပြောကြားခဲ့ပြီး JCI Aichi Block Japan ဥက္ကဋ္ဌ Mr. Hirano၊ MAJA နာယက ဦးမြင့်ဝေ၊ ဥက္ကဋ္ဌဦးမျိုးလွင် တို့က အမှာစကားပြောကြား၍ ပရောဂျက်အဖွဲ့ ခေါင်းဆောင် Mr. Ozawa က OMIYAGE Project ဖြင့် မြန်မာ့ကော်ဖီအား နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်နိုင်ရေး ဆောင်ရွက်နေသည့် အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ပါတယ်။ မြန်မာ့ကော်ဖီကို နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်နိုင်ရန် JCI Myanmar နှင့် JCI Aichi Block Japan တို့ ပူးပေါင်း၍ ရှမ်းပြည်နယ် ရွာငံမြို့မှ ကော်ဖီစေ့များကိုရယူကာ KIZUNA BLEND အမည်ဖြင့် ရောင်းချသွားမှာဖြစ်ပြီး ပထမအဆင့်အနေဖြင့် ဂျပန်နိုင်ငံသို့ တင်ပို့မည်ဖြစ်ကာ ထိုမှတစ်ဆင့် အာဆီယံနိုင်ငံများ၊ အာရှနိုင်ငံများမှ ကမ္ဘာ့နိုင်ငံ များအထိ ရောင်းချနိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS-004)

27 Aug

ADVERTISE HERE .