“မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ် -၂၀၂၅ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ”

27 Aug

မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ် -၂၀၂၅ (Future Front Myanmar : Youth Strategy Forum-2025) အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ်လ ၂၆ ရက်က နေပြည်တော်အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပြီး ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့သလို နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့် တိုင်းဒေသကြီးနှင့်ပြည်နယ် လူမှုရေးရာဝန်ကြီးများကလည်း Virtual စနစ်ဖြင့် တက်ရောက်ခဲ့ကြကြောင်း သိရပါတယ်။ ဦးစွာ ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးက မြန်မာ့ အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ်-၂၀၂၅ ဖွင့်ပွဲ/ပိတ်ပွဲကျင်းပမည့် အစီအစဉ်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် လူမှုရေးရာဝန်ကြီးများက ထူးချွန်လူငယ်ကိုယ်စားလှယ် ရွေးချယ်ထားရှိမှုများကို ဆွေးနွေးတင်ပြခဲ့ပါတယ်။ လူငယ်မဟာဗျူဟာဖိုရမ်တွင် အိန္ဒိယနိုင်ငံမှ မဟာဗျူဟာလေ့လာသုံးသပ်သူ Mr. Atul Aneja က ကမ္ဘာလုံးဆိုင်ရာ ပထဝီရှုခင်းရှုကွက်များကို နားလည်ခြင်း၊ ပြောင်းလဲနေသော ကမ္ဘာနှင့် မြန်မာ-ပထဝီနိုင်ငံရေး၊ မြန်မာ-ပထဝီနိုင်ငံရေးနှင့် ဗဟုဝင်ရိုးကမ္ဘာ ခေါင်းစဉ်များဖြင့်လည်းကောင်း၊ ဆွစ်ဇာလန်နိုင်ငံ SUPDI မှ တွဲဖက်ပါမောက္ခ Mr.Lorenzo က မြန်မာ နိုင်ငံနှင့် ပထဝီစီးပွားရေးမဟာဗျူဟာ၊ ပြောင်းလဲနေသောကမ္ဘာနှင့် မြန်မာ-ပထဝီ စီးပွားရေး၊ မြန်မာ-ပထဝီ စီးပွားရေးနှင့် ဗဟုဝင်ရိုးကမ္ဘာခေါင်းစဉ်များဖြင့်လည်းကောင်း၊ အနာဂတ်ပညာရေးနှင့် ကျွမ်းကျင်မှု၊ စီးပွားရေးအခွင့်အလမ်းများနှင့် လူငယ်စွန့်ဦးတီထွင်လုပ်ငန်းများ၊ နိုင်ငံသားပူးပေါင်းပါဝင်မှုနှင့် လူငယ်ခေါင်းဆောင်မှု၊ ရေရှည်တည်တံ့မှုနှင့် ရာသီဥတု ဆိုင်ရာ အရေးယူဆောင်ရွက်မှု၊ ကမ္ဘာလုံးဆိုင်ရာချိတ်ဆက်မှုနှင့် ယဉ်ကျေးမှုတိုးမြှင့်ခြင်း စတဲ့ ခေါင်းစဉ်များကို အဖွဲ့လိုက်ဆွေးနွေးခြင်း၊ ကမ္ဘာ့ကဖေးပုံစံဆွေးနွေးခြင်း၊ Icebreaker Activity / Energizer Quiz ပုံစံ ဆွေးနွေးခြင်းနှင့် အနှစ်ချုပ်ဆွေးနွေးခြင်းများဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS-004)

27 Aug

ADVERTISE HERE .