“ဆောက်သမ်တန်ကွင်းလယ်လူ ဒစ်ဘလင်း ကို ပေါင်သန်း ၄၀ နဲ့ ခေါ်ယူခဲ့တဲ့ အဲဗာတန်အသင်း”
27 Aug
အဲဗာတန်အသင်းဟာ ဆောက်သမ်တန်အသင်းက ဆယ်ကျော်သက်ကွင်းလယ်လူ ဒစ်ဘလင်း ကို ပြောင်းရွှေ့ ကြေးပေါင် သန်း ၄၀ နဲ့ ခေါ်ယူခဲ့ပါတယ်။ အသက် ၁၉ နှစ်အရွယ် ဒစ်ဘလင်း ရဲ့ပြောင်းရွှေ့ကြေးက ကနဦး ပေါင် ၃၅ သန်း အပြင် အပိုဆုကြေးပေါင် ငါးသန်း ဖြစ်ကြောင်းသိရပါတယ်။ ဒစ်ဘလင်း နဲ့ အဲဗာတန်အသင်းဟာ ၂၀၂၉ ခုနှစ် ဇွန်လအထိ လေးနှစ်သက်တမ်းရှိစာချုပ် ချုပ်ဆိုခဲ့ပါတယ်။ ဒစ်ဘလင်း ဟာ အဲဗာတန်အသင်းနည်းပြ ဒေးဗစ်မွိုက်စ်ရဲ့ ရှစ်ဦးမြောက် ကစားသမားသစ် ခေါ်ယူမှု ဖြစ်ခဲ့ပါတယ်။ အင်္ဂလန်ယူ-၂၁ အသင်းအတွက် နှစ်ပွဲကစားထားတဲ့ ဒစ်ဘလင်း ဟာ ၂၀၂၃ သြဂုတ်လက ၁၇ နှစ်အရွယ်မှာပဲ ဆောက်သမ် တန်အသင်းနဲ့ ပွဲထွက်ခွင့်ရခဲ့ပါတယ်။ ဒစ်ဘလင်း ဟာ ဆောက်သမ်တန်အသင်းအတွက် ၄၄ ပွဲ ကစားထားပါတယ်။(NVS 008)
27 Aug