“ဘရာဇီးလ်အသင်းလူစာရင်းမှာ ချန်လပ်ခံခဲ့ရတဲ့ နေမာ”

27 Aug

ဘရာဇီးလ်လက်ရွေးစင်အသင်းနည်းပြ အန်ဆယ်လော့တီ က လာမယ့်ကမ္ဘာ့ဖလားခြေစစ်ပွဲတွေအတွက် အသင်း လူစာရင်းကို ထုတ်ပြန်ခဲ့ပြီး နေမာ မပါဝင်ခဲ့ဘူးလို့ သိရပါတယ်။ အန်ဆယ်လော့တီ ဟာ ရီးရဲလ်အသင်းမှ ဗင်နီစီးယက်စ်နဲ့ ရိုဒရီဂို တို့ကိုလည်း ချန်လှပ်ခဲ့ပါတယ်။ နေမာ ဟာ ပြီးခဲ့တဲ့မေလက အန်ဆယ်လော့တီ ရဲ့ ပထမဆုံးလူစာရင်းမှာ ပါဝင်ခဲ့ ပေမယ့် ကြံ့ခိုင်မှုပြဿနာရှိလို့ ပြန်လည်နုတ်ထွက်ခဲ့ပါတယ်။ ၎င်းအနေနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားမှာ ပါဝင်ကစားဖို့ ပစ်မှတ် ထားနေပေမယ့် ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရပါတယ်။ ပြီးခဲ့တဲ့ လေ့ကျင့်ရေးပြုလုပ်စဉ်မှာ နေမာ ဟာ ကြွက်သား ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆန်းတို့စ်အသင်းက ပြောကြားခဲ့ပါတယ်။ (NVS 008)

27 Aug

ADVERTISE HERE .