“ကွင်းလယ်ကစားသမားသစ်တစ်ဦး ခေါ်ယူဖို့ရှိနေတဲ့ ရီးရဲလ်အသင်း”

27 Aug

ရီးရဲလ်အသင်းဟာ အပြောင်းအရွှေ့ဈေးကွက်မပိတ်ခင် ကွင်းလယ်ကစားသမားတစ်ဦး ခေါ်ယူဖွယ်ရှိပါတယ်။ ရီးရဲလ်အသင်းကွင်းလယ်လူ စီဘယ်ယော့စ် က မာဆေးလ်အသင်းထံ ပြောင်းရွှေ့ဖို့ရှိနေတာကြောင့် ကနဦးအငှားနဲ့ ခေါ်ယူပြီး ရာသီကုန်အပြီးသတ်ခေါ်ယူခွင့်နဲ့ သဘောတူညီမှုရထားပြီလို့ သိရပါတယ်။ ရီးရဲလ်အသင်း ဟာ စီဘယ်ယော့စ် ရဲ့အပြောင်းအရွှေ့ကနေ ပေါင် ၁၅ သန်းရဖို့ မျှော်လင့်ထားပါတယ်။ ရီးရဲလ်အနေနဲ့ အခုနွေရာသီမှာ ကစားသမားသစ်လေးဦးခေါ်ယူမှုအတွက် ယူရိုသန်း ၂၀၀ ကျော်အသုံးပြုခဲ့ပေမယ့် ကွင်းလယ်ကစားသမားမပါဝင်ခဲ့ပါဘူး။(NVS 008)

27 Aug

ADVERTISE HERE .