“အသင်းကနေထွက်ခွာချင်နေတဲ့ မိန်နူး ကို စိတ်ဝင်စားနေတဲ့ ရီးရဲလ်နဲ့ အက်သလက်တီကို”
27 Aug
မန်ယူအသင်းကနေ ထွက်ခွာဖို့ ဆန္ဒရှိနေတဲ့ အင်္ဂလန်ကွင်းလယ်ကစားသမား မိန်နူး ကို လာလီဂါထိပ်သီး ကလပ် နှစ်သင်းဖြစ်တဲ့ ရီးရဲလ်အသင်းနဲ့ အက်သလက်တီကိုအသင်းတို့က စိတ်ဝင်စားနေကြောင်း သိရပါတယ်။ အသက် ၂၀ နှစ် သာရှိသေးတဲ့ မိန်နူး ဟာ ပရီးမီးယားလိဂ်ရာသီအဖွင့်နှစ်ပွဲမှာ ပါဝင်ကစားခွင့်မရဘဲ ပွဲကစားခွင့်ရဖို့ ရုန်းကန်ရဖွယ် ရှိနေတာကြောင့် အသင်းပြောင်းရွှေ့ကစားဖို့ ဆန္ဒရှိနေတာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ မိန်နူး ကို ခေါ်ယူဖို့ ပရီးမီးယား လိဂ် ထိပ်သီးအသင်းတချို့က စိတ်ဝင်စားနေကြပြီး ခေါ်ယူလိုတဲ့အသင်း ၁၀ သင်းခန့်ရှိနေပါတယ်။(NVS 008)
27 Aug