“ပရိသတ်တွေနဲ့ ပြဿနာဖြစ်ပွားခဲ့ခြင်းအတွက် ပြန်လည်တောင်းပန်ခဲ့တဲ့ ဘိုဝင်”

27 Aug

ဝက်စ်ဟမ်းအသင်းခေါင်းဆောင် ဘိုဝင် ဟာ ဝုလ်ဗ်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ဝက်စ်ဟမ်းပရိသတ်တချို့နဲ့ ပြဿနာဖြစ်ပွားခဲ့ခြင်းအတွက် ပြန်လည်တောင်းပန်ခဲ့ပါတယ်။ လက်ရှိရာသီမှာ ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်နေရတဲ့ ဝက်စ်ဟမ်းအသင်းဟာ ပရီးမီးယားလိဂ်မှာ နှစ်ပွဲဆက်ရှုံံးနိမ့်ခဲ့သလို၊ လိဂ်ဖလားမှာလည်း ဝုလ်ဗ်အသင်းကို ရှုံးနိမ့်ခဲ့တာ ကြောင့် ဒုတိယအဆင့်ကနေ ထွက်ခွာခဲ့ရပါပြီ။ ဘိုဝင် ဟာ ဝုလ်ဗ်အသင်းနဲ့ပွဲအပြီး ဝက်စ်ဟမ်းပရိသတ်တွေကို နှုတ်ဆက် ချိန်မှာ ဒေါသထွက်နေတဲ့ ပရိသတ်တချို့နဲ့ ပြဿနာဖြစ်ခဲ့တာဖြစ်ပြီး အသင်းဖော်တွေက ဆွဲခေါ်ထိန်းသိမ်းခဲ့ရပါတယ်။ (NVS 008)

27 Aug

ADVERTISE HERE .