“ဗီယက်နမ်နိုင်ငံ၌ တိုင်ဖွန်းမုန်တိုင်း ကဂျိကိကြောင့် သုံးဦးသေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရ”
27 Aug
ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းနှင့်အလယ်ပိုင်းတို့တွင် တိုင်ဖွန်းမုန်တိုင်း ကဂျိကိကြောင့် မိုးသည်းထန်စွာ ရွာသွန်း ခြင်း၊ လေပြင်းတိုက်ခတ်ခြင်းနှင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကြောင်း စိုက်ပျိုးရေးနှင့်သဘာဝပတ်ဝန်းကျင် ဝန်ကြီး ဌာနက ဩဂုတ်လ ၂၆ ရက်တွင် ပြောသည်။ အဆိုပါဖြစ်ရပ်များကြောင့် သုံးဦးသေဆုံးကာ ၁၀ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ ကြောင်း သိရ သည်။ ထို့အပြင် မုန်တိုင်း ကဂျိကိကြောင့် နေအိမ် ၆,၈၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ပြီး စပါးစိုက်ခင်း ဟက်တာ ၂၈,၈၀၀ ကျော်နှင့် အခြားကောက်ပဲသီးနှံ စိုက်ခင်းဟက်တာ ၂,၂၀၀ ကျော် ရေနစ်မြုပ်မှု ဖြစ်ပွားခဲ့ကြောင်း ဆင်ဟွာ က ဖော်ပြသည်။ မုန်တိုင်းဒဏ်သင့် ပြည်နယ်များတွင် သစ်ပင်ပေါင်း ၁၈,၀၀၀ နီးပါး လဲကျမှုဖြစ်ပွားခဲ့ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ကို ပြည်သူ့အသံ အသံလွှင့်ဌာန က ကိုးကား ပြောကြားထားသည်။ မုန်တိုင်း ကဂျိကိ တိုက်ခတ်မှုကြောင့် လျှပ်စစ်ဓာတ်အား အခြေခံအဆောက်အအုံများ ထိခိုက်ပျက်စီးမှု ဖြစ်ပွား ခဲ့ကြောင်း၊ လျှပ်စစ်ဓာတ်အားတိုင်ပေါင်း ၃၃၁ တိုင်လဲကျခဲ့ပြီး သုံးစွဲသူ ၁ ဒသမ ၃ သန်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုနှင့်ကြုံတွေ့နေရကြောင်း သတင်းတွင် ဆက်လက်ဖော်ပြသည်။ ဒေသအာဏာပိုင်များအနေဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်ကာ ထိခိုက်ပျက်စီးမှုများကိုလည်း ဆန်းစစ်အကဲဖြတ် လျက် ရှိကြောင်း ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။