“စင်ကာပူနိုင်ငံနှင့် ထိုင်းနိုင်ငံသို့ ပြည်တွင်းထွက် အရည်အသွေးမြင့် ထောပတ်သီးများ တင်ပို့သွားမည်”

27 Aug

ယခုနှစ်ပြည်တွင်းမှာ ထွက်ရှိတဲ့အရည်အသွေးမြင့် ထောပတ်သီးများကို စင်ကာပူနှင့် ထိုင်းနိုင်ငံသို့ တင်ပို့သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။ ပြည်တွင်းမှာ Hass ထောပတ်သီးစိုက် ဧကပေါင်း ၂၀,၀၀၀ ရှိပြီး စက်တင်ဘာလမှ ဒီဇင်ဘာလအတွင်း နှစ်စဉ် Hass ထောပတ်သီးအများအပြားထွက်ရှိကာ ပြည်တွင်းစားသုံးမှုအပြင် ပြည်ပနိုင်ငံများသို့ တင်ပို့နေကြောင်း သိရပါတယ်။ မြန်မာနိုင်ငံမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ ထောပတ်သီးတင်ပို့ရာတွင် Hass ထောပတ်သီးများအပြင် ဘခန်နီးယား၊ အမရာ စသည့် ထောပတ်သီးမျိုးများကိုလည်း တင်ပို့ရောင်းချလျက်ရှိကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့နှစ် ထောပတ်သီးရာသီတွင် အရည်အသွေးမြင့် Hass ထောပတ်သီးတန်ချိန် ၃,၀၀၀ ခန့် ထွက်ရှိခဲ့ပြီး ယခုနှစ်မှာ တန်ချိန်ပိုမိုထွက်ရှိရန် မျှော်မှန်းထားကြောင်း သိရပါတယ်။ လက်ရှိပြည်တွင်းစားသုံးမှုအနေနဲ့ အများအားဖြင့် ကိုင်းဆက်စိုက်ပျိုးထားသည့် Hass ထောပတ်သီးများနှင့် Buccaneer ထောပတ်သီးများကို ရန်ကုန်၊ မန္တလေး စသည့်မြို့ကြီးများမှာ အမြောက်အမြား တင်ပို့ရောင်းချနေကြောင်း သိရပါတယ်။ အဆိုပါ Hass ထောပတ်သီးများကို စင်ကာပူနှင့် ထိုင်းနိုင်ငံကို အဓိကတင်ပို့လျက်ရှိပြီး တရုတ်နိုင်ငံကိုလည်း အများအပြားတရားဝင်တင်ပို့နိုင်ရန် GACC လက်မှတ်ရရှိရေး စိုက်ပျိုးရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံထောပတ်သီး စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းတို့ ပူးပေါင်းဆောင်ရွက်နေပါတယ်။ (NVS 004)

27 Aug

ADVERTISE HERE .