“သံမဏိထုတ်မှုဆိုင်ရာ မူဝါဒ မူကြမ်းပြုစုရေး ဆောင်ရွက်နေ”

27 Aug

မန္တလေးငလျင်ကြီးဖြစ်စဉ်ကို သင်ခန်းစာယူ၍ အဆောက်အအုံများ ဆောက်လုပ်ရာမှာ သတ်မှတ်ခံနိုင်မှု စံနှုန်းများ နှင့်အညီဆောင်ရွက်ထားမှု ရှိ၊ မရှိ စနစ်တကျ စစ်ဆေးရန်အတွက် သံမဏိမူဝါဒမူကြမ်း ပြုစုရေးဆောင်ရွက်နေကြောင်း သိရပါတယ်။ မြန်မာနိုင်ငံ၏ သံမဏိထုတ်လုပ်မှုမှာ နိုင်ငံပိုင်နှင့်ပုဂ္ဂလိကပိုင်ကဏ္ဍများမှ ဆောင်ရွက်လျက်ရှိကာ သံမဏိ ထုတ်လုပ်မှုဆိုင်ရာလုပ်ငန်းများကို မှန်ကန်သောမူဝါဒ အထောက်အပံ့များဖြင့်ချဉ်းကပ်နိုင်ရန် အခုဆောင်ရွက်တာ ဖြစ်တယ်လို့ သိရပါတယ်။ သံမဏိမူဝါဒကို စက်မှုဝန်ကြီးဌာန မြန်မာနိုင်ငံ သံနှင့်သံမဏိအသင်းနှင့် မြန်မာနိုင်ငံ သံမဏိ လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ရေးဆွဲခဲ့ကာ သံမဏိဆိုင်ရာမူဝါဒကို မည်ကဲ့သို့လက်ခံကျင့်သုံး၍ မည်ကဲ့သို့ ဆောင်ရွက်ပေးနိုင်မည်တို့ကို ဆက်လက်ဆွေးနွေးမည်ဖြစ်ပြီး အများပြည်သူအသက်အိုးအိမ်စည်းစိမ်လုံခြုံရေးအတွက် ဖြစ်သင့်ဖြစ်ထိုက်သည်နှင့် ပါဝင်သင့်ပါဝင်ထိုက်သော လုပ်ဆောင်သင့်တဲ့အချက်များ မကျန်စေရေးအတွက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရပါတယ်။ လက်ရှိမှာ စက်မှုဝန်ကြီးဌာနအနေနဲ့ အမှတ်(၁)သံမဏိစက်ရုံ(မြင်းခြံ)နှင့် အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်)တို့မှာ စက်တပ်ဆင်ရေးလုပ်ငန်းများ အပြီးသတ်၍ စွမ်းအားပြည့် လည်ပတ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပါတယ်။ (NVS 004)

27 Aug

ADVERTISE HERE .