“ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာသစ် နှစ်ပတ်ဆက်တိုက် တွေ့ရှိမှုမရှိ”

27 Aug

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာန (Myanmar CDC) ၏ သြဂုတ်လ ၂၅ ရက်ည ၈ နာရီထုတ်ပြန်ချက်အရ ယခုတစ်ပတ်မှာ မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်မတွေ့ရှိခဲ့ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့သြဂုတ်လ ၁၇ ရက်ည ၈ နာရီမှ သြဂုတ် ၂၄ ရက်ည ၈ နာရီအထိ ဓာတ်ခွဲနမူနာ ၄၉၃ ခုကို စစ်ဆေးခဲ့ရာမှ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု လူနာသစ်မတွေ့ရှိခဲ့တဲ့အပြင် ပြင်းထန်လူနာ၊ အထူးကြပ်မတ်ကုသမှု ပေးရသော လူနာနှင့် ကိုဗစ်-၁၉ ရောဂါနဲ့ သေဆုံးလူနာမရှိခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပါက ရောဂါပြင်းထန်နိုင်ခြေနှင့် အသက်ဆုံးရှုံး နိုင်ခြေမြင့်မားသည့် အသက်အရွယ်ကြီးသူများ(အသက် ၆၀ နှစ်နှင့်အထက်)၊ ဆီးချိုရောဂါ၊ နာတာရှည်အဆုတ်ရောဂါ၊ ကင်ဆာရောဂါရှိသူများ၊ ကိုယ်ဝန်ဆောင်မိခင်များ(ကိုယ်ဝန်ဆောင်ကာလ ၃ လနှင့်အထက်)ကို ဦးစားပေးအစီအစဉ် အနေနဲ့ ကိုဗစ်-၁၉ရောဂါထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးလျက်ရှိပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက် ဖြစ်ပွား/သေဆုံးမှုနှင့်ပတ်သက်၍ စိုးရိမ်စရာမရှိသော်လည်း ရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန် တစ်ကိုယ်ရေ ကာကွယ်ရေးနည်းလမ်းများကို လိုက်နာဆောင်ရွက်ရမည်ဖြစ်သပါတယ်။ (NVS 004)

27 Aug

ADVERTISE HERE .