“ပြည်ထောင်စုဝန်ကြီးနှစ်ဦးနှင့် အိန္ဒိယနိုင်ငံ သံအမတ်ကြီး တို့တွေ့ဆုံ”
27 Aug
အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်နှင့် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ တို့နဲ့က မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E.Mr.Abahay Thakur ကို ဩဂုတ်လ ၂၆ ရက်မှာ သီးခြားစီလက်ခံတွေ့ဆုံခဲ့ကြောင်း သိရပါတယ်။ အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်နှင့် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်း နှင့်တွေ့ဆုံစဉ် နှစ်နိုင်ငံကြား နယ်နိမိတ်ရေးရာကိစ္စရပ်များ၊ ရင်းနှီးမြုပ်နှံမှုနှင့် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များ၊ ငလျင်ကာလအလွန် ပြန်လည်တည်ဆောက်ရေးဆိုင်ရာကိစ္စရပ်များ အကူအညီပေးမှုဆိုင်ရာကိစ္စရပ် များနှင့် ရှေးဟောင်းယဉ်ကျေးမှုအမွေနှစ်ထိန်းသိမ်းမှုဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ နိုင်ငံခြား ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ နှင့် တွေ့ဆုံစဉ်နှစ်နိုင်အကြား နှစ်ဖက်အကျိုး ဖြစ်ထွန်းစေမည် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ နယ်စပ်ကုန်သွယ်မှု နယ်စပ်လုံခြုံရေးနှင့် နယ်နမိတ်ဆိုင်ရာ ကိစ္စရပ်များနှင့် ငလျင်ဘေးပြန်လည်ထူထောင်ရေးကိစ္စရပ်များတွင် ပံပိုးကူညီသွားမည့်အခြေအနေတို့အပေါ် ဆွေနွေးခဲ့ ကြတယ်လို့သိရပါတယ်။(NVS 004)