“သံရုံးမှီခိုသူမိသားစုဝင်များ အလုပ်အကိုင်အခွင့်အလမ်းရရှိရေး သဘောတူညီချက်လက်မှတ်ရေးထိုး”
27 Aug
မြန်မာ-အိန္ဒိယနှစ်နိုင်ငံအစိုးရကြား သံအဖွဲ့(သို့) ကောင်စစ်ဝန်ရုံးတို့မှ အဖွဲ့ဝင်များရဲ့ မှီခိုသူမိသားစုဝင်များကို အကျိုးအမြတ်ရှိသော အလုပ်အကိုင်များမှာ လုပ်ကိုင်ခွင့်ပြုခြင်းသဘောတူညီချက်ကို သြဂုတ်လ ၂၆ ရက်က လက်မှတ် ရေးထိုးခဲ့ကြပါတယ်။ သဘောတူညီချက်လက်မှတ်ကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော် ရှေ့မှောက်မှာ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်း နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး H.E.Mr. Abahay Thakur တို့က နှစ်နိုင်ငံအစိုးရ(ကိုယ်စား)လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ အဆိုပါ သဘောတူညီချက်လက်မှတ်ရေးထိုးခြင်းသည် မြန်မာနိုင်ငံနှင့်အိန္ဒိယနိုင်ငံကြား ခိုင်မာတဲ့ဆက်ဆံရေးနှင့် မိတ်ဘက် ပူးပေါင်းဆောင်ရွက်မှုကို ဖော်ပြနေခြင်းဖြစ်ပါတယ်။(NVS 004)
27 Aug