“ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်သားကိုယ်စားလှယ်များနဲ့ လွှတ်တော် ၂ ရပ်ကိုဖွဲ့စည်းဆောင်ရွက်သွားမည်”
27 Aug
လွတ်လပ်၍တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပပြီးချိန်၌ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၇၄ အရ ပြည်ထောင်စုလွှတ်တော်ကို ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်လွှတ်တော် ၂ ရပ်နဲ့ ဖွဲ့စည်းခြင်း ဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က အသိပေးခဲ့ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၀၉ အရ ပြည်သူ့လွှတ်တော်ဖွဲ့စည်းရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ ဥပဒေနှင့်အညီအမည်စာရင်းတင်သွင်းတဲ့ ၁၁၀ ဦးထက်မပိုသော တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနဲ့ ဖွဲ့စည်းရမှာဖြစ်ပါတယ်။ ဒါ့အပြင်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၄၁ အရ အမျိုးသားလွှတ်တော်ဖွဲ့စည်းရာမှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်မှ ဥပဒေနှင့်အညီ အမည်စာရင်းတင်သွင်းတဲ့ တပ်မတော်သားအမျိုးသားလွှတ်တော်ကိုယ်စား လှယ် ၅၆ ဦးနဲ့ ပါဝင်ဖွဲ့စည်းရမည်ဖြစ်ပါတယ်။ အဆိုပါတပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်ဦးရေ အတိအကျအား ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၇၄ ၊၁၀၉ နှင့်၁၄၁ ပြဋ္ဌာန်းချက်များမှာ ဖော်ပြထားတယ်လို့ UEC က အသိပေးခဲ့ပါတယ်။ (NVS 004)