“မန်စီးတီးအသင်းက ဂိုးသမား ဒွန်နာရမ်မာ ကိုခေါ်ယူရန် သဘောတူညီမှုရရှိခဲ့”
26 Aug
မန်စီးတီးအသင်းက ပီအက်စ်ဂျီအသင်းမှထွက်ခွာရန် ဆုံးဖြတ်ထားတဲ့ ဂိုးသမား ဒွန်နာရမ်မာ ကိုခေါ်ယူရန် ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း ဆွေးနွေးမှုများပြုလုပ်ခဲ့ရာ လက်ရှိတွင် ကလပ်အသင်းနှစ်ခုကြား ပုဂ္ဂိုလ်ရေးသဘော တူညီမှု ရရှိခဲ့ကြောင်း သိရပါတယ်။ မန်စီးတီးအသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့ကြား သဘောတူညီချက်တွင် ဒွန်နာရမ်မာ အတွက် ကနဦး ပြောင်းရွှေ့ ကြေးကို ယူရို သန်း ၅၀ သတ်မှတ်ထားပြီး ကစားသမားရဲ့ လုပ်ခလစာနဲ့ပတ်သက်လို့ ဆက်လက်ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိပါတယ်။ မန်စီးတီးအသင်းက နွေရာသီအပြောင်းအရွှေ့ နောက်ဆုံးရက်သတ္တပတ်တွင် အသင်းမှ ဦးစားပေးဂိုးသမား အီဒါဆန် ကို ရောင်းချသွားမှာဖြစ်လို့ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်နှစ်ပွဲတွင် အီဒါဆန် ကို အသုံးမပြုတော့ဘဲ အသစ် ခေါ်ယူထားတဲ့ ဂိုးသမား ထရက်ဖို့ဒ် နဲ့ ပွဲထွက်ခဲ့ပါတယ်။ အသက် ၂၆ နှစ်အရွယ် ဂိုးသမား ဒွန်နာရမ်မာ အနေနဲ့ ၂၀၂၁ ခုနှစ်မှာ စီးရီးအေကလပ် အေစီမီလန်အသင်းမှ ပီအက်စ်ဂျီအသင်းသို့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ ဒွန်နာရမ်မာ ဟာ ပီအက်စ်ဂျီအသင်းကို အဓိကဆုဖလားများ ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ပီအက်စ်ဂျီအသင်း ဒွန်နာရမ်မာ ကို စာချုပ်သက်တမ်းတိုးရာတွင် လုပ်ခလစာ တိုးမြှင့်ပေးခြင်းမရှိလို့ အသင်းမှ ထွက်ခွာရန် ပြောကြားခဲ့ပါတယ်။ ပီအက်စ်ဂျီအသင်းကလည်း ဒွန်နာရမ်မာ ကို ပထမအသင်းလူစာရင်းမှ ထုတ်ပယ်ကာ ရောင်းချရန်ဆုံးဖြတ်ခဲ့တာကြောင့် မန်စီးတီးအသင်းက လက်ဦးမှုရယူပြီး ခေါ်ယူရန်စီစဉ်ခဲ့တာဖြစ်ပါတယ်။ (NVS-008)