“နည်းပြ ပယ်လီဂရီနီ က အန်တိုနီ ကို ပြန်လည်ခေါ်ယူလိုကြောင်း ပြောကြား”
26 Aug
ဘက်တစ်အသင်းနည်းပြ ပယ်လီဂရီနီ က မန်ယူတိုက်စစ်ကစားသမား အန်တိုနီ ကို ပြန်လည်ခေါ်ယူလိုကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။ အန်တိုနီ ဟာ မန်ယူအသင်းထံသို့ မြင့်မားတဲ့ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိခဲ့သူဖြစ်သော်လည်း မျှော်လင့် သလောက် ခြေစွမ်းပြနိုင်ခြင်းမရှိလို့ လက်ရှိအပြောင်းအရွှေ့ကာလအတွင်း အရောင်းစာရင်း တင်သွင်းခံထားရပါတယ်။ မန်ယူအသင်းက ပြီးခဲ့တဲ့ရာသီမှာ အန်တိုနီ ကို ဘက်တစ်အသင်းထံ အငှားချခဲ့ပြီး ၎င်းအနေနဲ့ စပိန်မြေတွင် ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ဒါကြောင့် အန်တိုနီ က ဘက်တစ်အသင်းထံသို့ ပြောင်းရွှေ့ကစားရန် ဆန္ဒရှိနေသလို ဘက်တစ်နည်းပြ ပယ်လီဂရီနီ ကလည်း ၎င်းကို ပြန်ခေါ်ယူလိုကြောင်း ပြောကြားထားခဲ့ပါတယ်။ (NVS-008)
26 Aug