“ဝက်စ်ဟမ်းအသင်းက မာ့ခ်ကာဆာဒို ကိုခေါ်ယူရန်ဆွေးနွေး”
26 Aug
ဝက်စ်ဟမ်းအသင်းက ဘာစီလိုနာအသင်း ကွင်းလယ်ကစားသမား မာ့ခ်ကာဆာဒို ကိုခေါ်ယူရန် ဆွေးနွေးလျက် ရှိကြောင်း သိရပါတယ်။ အသက် ၂၁ နှစ်အရွယ် ကွင်းလယ်ကစားသမား မာ့ခ်ကာဆာဒို ဟာ ဘာစီလိုနာအသင်းနှင့်အတူ ပြီးခဲ့တဲ့ ဘောလုံးရာသီက ပြိုင်ပွဲစုံ ၃၆ ပွဲကစားကာ တစ်ဂိုးသွင်းယူနိုင်ခဲ့ပြီး ခြေစွမ်းကောင်းကို ပြသနိုင်ခဲ့လို့ ဝက်စ်ဟမ်း အသင်းကခေါ်ယူရန် ဆွေးနွေးလာခြင်းဖြစ်ပါတယ်။ ကွင်းလယ်ကစားသမား မာ့ခ်ကာဆာဒို ကိုယ်တိုင်ကလည်း ပရီးမီးယားလိဂ်သို့ လာရောက်ကစားလိုကြောင်း ထုတ်ဖော်ပြောကြားထားပါတယ်။ ဒါကြောင့် ဝက်စ်ဟမ်းအသင်းက လက်ရှိအပြောင်းအရွှေ့ကာလအတွင်း ဘာစီလိုနာအသင်းမှ မာ့ခ်ကာဆာဒို ကို ခေါ်ယူနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ (NVS-008)
26 Aug