“ရီးရဲလ်မက်ဒရစ်အသင်းက ဗင်နီစီးယက်စ် ကို ပြောင်းရွှေ့ကြေး စတာလင်ပေါင် သန်း ၁၅၀ ရရှိပါက ရောင်းချရန် ဆုံးဖြတ်”

26 Aug

ရီးရဲလ်မက်ဒရစ်အသင်းက အသင်းရဲ့ အဓိကတိုက်စစ်ကစားသမား ဗင်နီစီးယက်စ် ကို ပြောင်းရွှေ့ကြေး စတာလင် ပေါင်သန်း ၁၅၀ ရရှိပါက ရောင်းချရန် ဆုံးဖြတ်ထားကြောင်း သိရပါတယ်။ အသက်၂၅ နှစ်အရွယ် ဗင်နီစီးယက်စ် ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က ဖလာမင်ဂိုအသင်းမှ ရီးရဲလ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့ကစားခဲ့သူဖြစ်ပြီး အသင်းနှင့်အတူ အစောပိုင်းနှစ်များက ပွဲကစားခွင့်မရရှိခဲ့သော်လည်း နောက်ပိုင်းနှစ်များတွင် ခြေစွမ်းပြသနိုင်ခဲ့ပြီး ထိပ်တန်းတိုက်စစ် ကစားသမားတစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့သူဖြစ်ပါတယ်။ ဗင်နီစီးယက်စ် အနေနဲ့ ရီးရဲလ်အသင်းနှင့်အတူ ပြိုင်ပွဲစုံ ၃၂၃ ပွဲကစားထားပြီး ၁၀၆ ဂိုးသွင်းယူထားပါတယ်။ ဗင်နီစီးယက်စ် ကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ကစားသမားအပြောင်းအရွှေ့ကာလမှာ ဆော်ဒီထိပ်တန်းကလပ်အသင်း များက စံချိန်တင်ပြောင်းရွှေ့ကြေးတစ်ရပ်ဖြင့် ကမ်းလှမ်းမှုများ လုပ်ဆောင်ခဲ့ကြပြီး လက်ရှိအပြောင်းအရွှေ့ကာလ မှာလည်း သတင်းများထွက်ပေါ်ခဲ့ပေမယ့် ရီးရဲလ်မက်ဒရစ်အသင်းက ကမ်းလှမ်းမှုများကို ပယ်ချခဲ့ပါတယ်။ လက်ရှိတွင် ရီးရဲလ်မက်ဒရစ်အသင်းက တိုက်စစ်ပိုင်းကို အပြောင်းအလဲလုပ်ဆောင်ရန် ရိုဒရီဂို နဲ့အတူ ဗင်နီစီးယက်စ် ကိုပါ ရောင်းချလိုနေပြီး ပြောင်းရွှေ့ကြေး စတာလင်ပေါင် သန်း ၁၅၀ ရရှိမည်ဆိုပါက ရောင်းချရန် ဆုံးဖြတ်ခဲ့ပါတယ်။ ၎င်းရဲ့နေရာမှာ မန်စီးတီးအသင်းမှ ဟာလန်း နဲ့ ပြန်လည်အစားထိုးရန် စီစဉ်နေခြင်းဖြစ်ပါတယ်။ (NVS-008)

26 Aug

ADVERTISE HERE .