“တောင်ပံကစားသမား အက်ဇီ အာဆင်နယ်အသင်းသို့ စတာလင်ပေါင် ၆၇ ဒသမ ၅ သန်းဖြင့်ပြောင်းရွှေ့”
26 Aug
အာဆင်နယ်အသင်းက ပဲလေ့စ်အသင်း တောင်ပံကစားသမား အက်ဇီ ကို ပြောင်းရွှေ့ကြေး စတာလင်ပေါင် ၆၇ ဒသမ ၅ သန်းဖြင့် ခေါ်ယူနိုင်ခဲ့ကြောင်း သိရပါတယ်။ အာဆင်နယ်အသင်းက အက်စီ အတွက် ကနဦးပြောင်းရွှေ့ကြေး စတာလင်ပေါင် သန်း ၆၀ နဲ့ ကစားသမားအတွက် အပိုဆုကြေး စတာလင်ပေါင် ၇ ဒသမ ၅ သန်းဖြင့် ငါးနှစ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။ အက်ဇီ အနေနဲ့ အာဆင်နယ်အသင်းမှာ ကျောနံပါတ် ၁၀ ကို ဝတ်ဆင်ကစားသွားမှာဖြစ်ပါတယ်။ အသက် ၂၇ နှစ်ရှိ အက်ဇီ ဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက စပါးအသင်းသို့ပြောင်းရွှေ့ရန် နှစ်ဖက်သဘောတူညီ ချက် ရရှိထားခဲ့တာဖြစ်ပါတယ်။ ၎င်းအနေနဲ့ စပါးအသင်းသို့ပြောင်းရွှေ့ရန် ဆွေးနွေးမှုပြုလုပ်နေချိန်အတွင်း အာဆင်နယ် အသင်းကခေါ်ယူရန် ကြားဖြတ်ကမ်းလှမ်းခဲ့ရာ သဘောတူညီမှုရရှိခဲ့တာဖြစ်ပါတယ်။ အက်ဇီ ဟာ အာဆင်နယ်အသင်း အကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်ပြီး ၂၀၁၆ ခုနှစ်က ကျူပီအာအသင်းသို့ ပြောင်းရွှေ့ခဲ့ပြီးနောက် ခြေစွမ်းပြကစားနိုင်ခဲ့လို့ ၂၀၂၀ ပြည့်နှစ်တွင် ပဲလေ့စ်အသင်းက ခေါ်ယူခဲ့ပါတယ်။ (NVS-008)