“ဟဇ်ဘိုလာအဖွဲ့ လက်နက်ချပါက လက်ဘနွန်မှ အစ္စရေးတပ်ဖွဲ့များကို ရုပ်သိမ်းမည်ဟု အစ္စရေးပြောကြား”

26 Aug

ဟဇ်ဘိုလာအဖွဲ့ လက်နက်ချပါက လက်ဘနွန်နိုင်ငံတောင်ပိုင်းမှ အစ္စရေးတပ်ဖွဲ့များကို ရုပ်သိမ်းပေးမည်ဟု အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု၏ရုံးက ဩဂုတ်လ ၂၅ ရက်တွင် ပြောကြားသည်။ ယခုနှစ်ကုန်တွင် လက်နက်များ အား နိုင်ငံတော်ထိန်းချုပ်မှုအောက်တွင် ထားရှိရေးအတွက် လက်ဘနွန်အစိုးရ၏ ဆုံးဖြတ်ချက်အား ကြိုဆိုကြောင်းနှင့် ၎င်းဆောင်ရွက်ချက်သည် အရေးပါသည့်ဆုံးဖြတ်ချက်ဖြစ်ကာ လက်ဘနွန်နိုင်ငံ၏ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲ ရေးအတွက် အခွင့်အရေးတစ်ရပ်ဖြစ်ကြောင်း ယင်းရုံးက ပြောကြားသည်။ ဖျက်သိမ်းရေးလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်မည်ဆိုပါက ၎င်း၏စစ်အင်အားကို လက်ဘနွန် တပ်မတော် က လက်နက်လျှော့ချခြင်းအပါအဝင် ဖြေလျှော့ခြင်းများကို အစ္စရေး က ဆောင်ရွက်မည်ဖြစ်ကြောင်း အဆိုပါရုံးက ပြောကြားခဲ့သည်။ လက်ရှိအချိန်သည် အစ္စရေးနှင့်လက်ဘနွန် နှစ်နိုင်ငံစလုံးအတွက် ဟစ်ဇ်ဘိုလာအဖွဲ့ လက်နက် ဖြုတ်သိမ်းရေးနှင့် တည်ငြိမ်ရေး၊သာယာဝပြောရေးတို့ကို မြှင့်တင်ရန် ပူးပေါင်းဆောင်ရွက်မှုစိတ်ဓာတ်ဖြင့် ရှေ့သို့ ချီတက်ရမည့်အချိန်ဖြစ်သည်ဟု ၎င်းရုံး၏ထုတ်ပြန်ချက်အရ သိရသည်။ ယခုအစ္စရေး၏ကြေညာချက်သည် အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟု အား အမေရိကန်အထူးကိုယ်စားလှယ် တွန်ဗာရက် တွေ့ဆုံခဲ့ပြီးနောက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ ၎င်းသည် ဟဇ်ဘိုလာအဖွဲ့ လက်နက်ဖျက်သိမ်းရေးအတွက် တွန်းအားပေးနေသူဖြစ်ကြောင်း ဆင်ဟွာ သတင်းဌာနဖော်ပြချက်အရ သိရသည်။

26 Aug

ADVERTISE HERE .