“TYCA အစီအစဉ်နဲ့ အသက် ၁၅ နှစ် မှ ၁၈ နှစ်အတွင်းရှိ မြန်မာကျောင်းသား၊ ကျောင်းသူများအား ဂျပန်နိုင်ငံ၊ တိုကျိုမြို့သို့ သွားရောက်နိုင်ရန် လျှောက်လွှာခေါ်ယူ”
26 Aug
Toshiba Youth Club Asia Vol.10 { TCYA } အစီအစဉ်နဲ့ ဂျပန်နိုင်ငံ၊ တိုကျိုမြို့သို့ တစ်ပတ်ကြာ သွားရောက်ရမယ့် ခရီးစဉ်အတွက် မြန်မာနိုင်ငံမှ အသက် ၁၅ နှစ် မှ ၁၈ နှစ်အတွင်းရှိသည့် အထက်တန်းကျောင်းသား (သို့) တက္ကသိုလ် ပထမနှစ်တက်ရောက်နေသော ကျောင်းသား/ကျောင်းသူများကို လျှောက်လွှာခေါ်ယူလျှက်ရှိကြောင်း သိရပါတယ်။ အဆိုပါ ခရီးစဥ်ဟာ ၂၀၂၆ ခုနှစ်၊ မတ်လ ၂၁ ရက်မှ ၂၈ ရက်အထိ တစ်ပတ်ကြာမြင့်မည်ဖြစ်ပြီး ထူးချွန်ထက်မြက်သော လူငယ်ခေါင်းဆောင်များပေါ်ထွက်လာရေးအတွက် အရှေ့တောင်အာရှနိုင်ငံများဖြစ်သော ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်နိုင်ငံတို့မှ လူငယ်များတွေ့ဆုံမည့် အစီအစဉ်တစ်ခုဖြစ်ပါတယ်။ ယင်းအစီအစဉ်တွင် Energy and Environmental issues, Resilience against natural disasters, Economics and social development of the region, and the role of Science and Technology for social innovation စသော အချက်များကို ပူးပေါင်းဆောင်ရွက်ကြမှာဖြစ်ပြီး အနာဂါတ်တွင် စွမ်းဆောင်မူအပြည့်နှင့် ငြိမ်းချမ်းစွာဖြင့် အတူတကွ လက်တွဲနေထိုင် သွားနိုင်မည့် Asia-Pacific Region ဖြစ်ပေါ်လာရန် ရည်ရွယ်ကြောင်း သိရပါတယ်။ အစီအစဉ်တွင် ပါဝင် လျှောက်ထားလိုတဲ့ အသက် ၁၅ နှစ် မှ ၁၈ နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ အနေနဲ့ အင်္ဂလိပ်လို ကောင်းမွန် စွာ ပြောဆိုဆက်ဆံနိုင်ပြီး အင်္ဂလိပ်ဘာသာနဲ့ စာစီစာကုံးရေးသားနိုင်သူဖြစ်ရမည့်အပြင် ဂျပန်စကားကိုလည်း အခြေခံ ပြောဆိုနိုင်သူ ဖြစ်ရပါမယ်။ အဆိုပါအစီအစဉ်တွင် ပါဝင်ကြမည့် နိုင်ငံတကာမှ ကျောင်းသား/သူများနှင့် စိတ်ပါဝင်စားစွာ ဆွေးနွေး ပြောဆိုနိုင်သူဖြစ်ရမည်ဖြစ်သလို ဂျပန်နိုင်ငံအကြောင်းကို အထူးစိတ်ပါ၀င်စားသူဖြစ်ပြီး မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာ လုံးတွင် ဆောင်ရွက်နေသော စွမ်းအင်နှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများ၊ သဘာဝဘေးအန္တရာယ်များအပေါ် ခံနိုင်ရည်ရှိမှု၊ ဒေသတွင်းဆိုင်ရာစီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှု၊ လူသားများ၏ ဆန်းသစ်တီထွင်မှုများအပေါ် သိပ္ပံနှင့်နည်းပညာ၏အခန်းကဏ္ဍ စတဲ့ ပတ်သက်သောဗဟုသုတများ ရှိသူလည်း ဖြစ်ရမည်ဟု သတ်မှတ်ထားပါတယ်။ လျှောက်လွှာများကို လာမည့်စက်တင်ဘာ ၁ မှ ၈ ရက်အတွင်း ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုမင်္ဂလာလမ်း၊ နှင်းဥယျာဉ်အိမ်ရာ အမှတ် 2B (4)ရှိ Myanmar Association of Japan Alumni (MAJA) ရုံးခန်းတွင် ရုံးပိတ်ရက်မှလွဲ၍ နံနက် ၉ နာရီမှ ညနေ ၄ နာရီအတွင်း ကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားဖြစ်စေ လာရောက်ဝယ်ယူ ဖြည့်စွက်၍ တင်သွင်းရမှာ ဖြစ်ပါတယ်။ ထိုသို့ လျှောက်လွှာတင်သွင်းရာ၌ ၃ လအတွင်း ရိုက်ကူးထား သော အပြာရောင်နောက်ခံပါ 3 x 4 cm ဓါတ်ပုံတစ်ပုံ လိုအပ်မည်ဖြစ်ပြီး ယင်းဓာတ်ပုံ၏ နောက်ကျောတွင် လျှောက်ထားသူ၏ အမည်နှင့်မွေးသက္ကရာဇ်အား အင်္ဂလိပ်ဘာသာဖြင့်ရေးသားထားရမည်ဖြစ်သလို မိမိလက်ရှိတက်ရောက်နေသော ကျောင်းမှ ကျောင်းသားဖြစ်ကြောင်း ထောက်ခံစာမူရင်းကိုပါ ယူဆောင်လာရမှာ ဖြစ်ပါတယ်။ ထို့အပြင် မှတ်ပုံတင်မိတ္တူ (အဖြူအမဲ သို့ အရောင်ဖြင့်) နှင့် နိုင်ငံကူးလက်မှတ် (Passport) မိတ္တူ (အဖြူအမဲ သို့ အရောင်ဖြင့်) ကိုလည်း ယူဆောင်လာရမှာဖြစ်ပြီး နိုင်ငံကူးလက်မှတ် (Passport) လျှောက်ထားဆဲ ဖြစ်ပါက အောက်တိုဘာလ ၃ ရက်တွင် လက်ဝယ်ရှိမည် ဖြစ်ကြောင်း သက်သေပြနိုင်သည့် အထောက်အထား ယူဆောင်လာရမှာ ဖြစ်ပါတယ်။ သတ်မှတ်ချက်နှင့် ပြည့်စုံသူများကို အကြောင်းကြားမှာဖြစ်ပြီး စက်တင်ဘာလ ၁၄ ရက်တွင် English Essay လာရောက်ဖြေဆိုရမည်ဖြစ်သလို ခုံနံပါတ်၊ ဖြေဆိုရမည့်နေရာ၊ အချိန်နှင့် Essay အတွက် လေ့လာပြင်ဆင်ထားရမည့် အကြောင်းအရာများကို လျှောက်လွှာတွင် ဖြည့်သွင်းခဲ့သော Email သို့ အချိန်မီ ကြိုတင်အကြောင်းကြား ပေးသွားမှာ ဖြစ်ပါတယ်။ အဆိုပါ Essay စာမေးပွဲအောင်မြင်သူများကို လူတွေ့ထပ်မံစစ်ဆေး၍ အပြီးသတ်ရွေးချယ်မည်ဖြစ်ကာ ရွေးချယ်ခံ ရသူကို Organizer များ၏ကုန်ကျစရိတ်ဖြင့် ဂျပန်နိုင်ငံသို့ စေလွှတ်မည်ဖြစ်ပြီး ဆက်သွယ်လိုပါက ဖုန်းနံပါတ် - ၀၉ - ၂၆၂၆၀၂၁၂၁၊ ၀၉ - ၄၂၈၆၁၂၁၅၁၊ ၀၁ - ၇၅၇၁၀၁၅ ၊ Viber နံပါတ် - +959262602121 သို့ဆက်သွယ်နိုင်ကြောင်းနှင့် အသေးစိတ်ကို http://www.tyca.asia တွင်လည်း ၀င်ရောက်လေ့လာနိုင်ကြောင်း သိရပါတယ်။ (NVS-004)