“နောင်ချိုမြို့နယ်ထဲမှာ စာသင်ကျောင်းပေါင်း ၉၄ ကျောင်းအထိ ဖွင့်လှစ်ထားနိုင်ပြီး ကျောင်းသား၊ ကျောင်းသူ ၁၀,၀၀၀ ကျော် တက်ရောက်လျက်ရှိ”

26 Aug

အကြမ်းဖက်သမားများကြောင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်အတွင်းရှိ တစ်နှစ်နီးပါးပိတ်ထားခဲ့ ရတဲ့ အခြေခံပညာကျောင်းများကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်မှစ၍ ပြန်လည်ဖွင့်လှစ်ခဲ့ရာ သြဂုတ်လ ၂၅ ရက်တွင် အခြေခံပညာကျောင်း ၇ ကျောင်း ထပ်မံဖွင့်လှစ်နိုင်ခဲ့သဖြင့် စုစုပေါင်း ၉၄ ကျောင်းအထိ တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရ ပါတယ်။ အဆိုပါ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံခြင်းများကိုလည်း ဆက်လက်ဆောင်ရွက်ပေးလျက် ရှိရာ သြဂုတ်လ ၂၅ ရက်တွင် ကျောင်းသား၊ ကျောင်းသူ ၄၁၆ ဦး ထပ်မံ၍ ကျောင်းအပ်နှံသဖြင့် စုစုပေါင်း ကျောင်းသား ကျောင်းသူ ၁၀,၆၄၅ ဦးအထိ တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရပါတယ်။ ဒါ့အပြင် အကြမ်းဖက်သမားများဖျက်ဆီးခဲ့သည့် နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံကြီးကိုလည်း ပြန်လည်ပြုပြင် ခြင်းလုပ်ငန်းများ ဆောင်ရွက်ကာ ဩဂုတ် ၂ ရက်တွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီး ဒေသခံတိုင်းရင်းသားပြည်သူများအား လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါတယ်။ ထိုသို့ဆောင်ရွက်ပေး လျက်ရှိရာ သြဂုတ်လ ၂၅ ရက်တွင် ပြည်သူ့ဆေးရုံကြီး၌ ပြင်ပလူနာ ၃၁ ဦးတို့ကို ငှက်ဖျားရောဂါ၊ တုပ်ကွေးရောဂါ၊ အထွေထွေရောဂါတို့နဲ့ပတ်သက်၍ လိုအပ်တဲ့ ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခြင်း၊ ဒေသခံ တိုင်းရင်းသား ပြည်သူ ၅၄ ဦးအား သွေးအမျိုးအစားစစ်ဆေးပေးခြင်း၊ ဒေသခံ တိုင်းရင်းသားပြည်သူ ၄ ဦးအား ငှက်ဖျားပိုး စစ်ဆေးခြင်းများ ဆောင်ရွက်ပေးပြီး အတွင်းလူနာအဖြစ် ဒေသခံတိုင်းရင်းသား ပြည်သူ ၂၈ ဦး တက်ရောက် ဆေးကုသမှု ခံယူလျက်ရှိရာ ဆေးအဖွဲ့များ က လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိကြောင်း လည်း သိရပါတယ်။ (NVS-004)

26 Aug

ADVERTISE HERE .