“အောင်မင်္ဂလာအဝေးပြေးတွင် တစ်ရက်လျှင် ခရီးသွား ၇,၀၀၀ ကျော်အား ဝန်ဆောင်မှုပေးနေ”

26 Aug

ယခုနှစ် မိုးရာသီတွင် အောင်မင်္ဂလာအဝေးပြေးမှ တစ်ရက်လျှင် ခရီးသွား ၇,၀၀၀ ကျော်အားဝန်ဆောင်မှု ပေးနေ ကြောင်း ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)မှ သိရပါတယ်။ ရန်ကုန်မြို့မှ နိုင်ငံတစ်ဝန်းရှိ မြို့များ သို့ အများပြည်သူခရီးသွားလာမှု အဆင်ပြေချောမွေ့စေရန် အဝေးပြေးယာဉ်ရပ်နားစခန်း၂ ခုနဲ့ ဝန်ဆောင်မှု ပေးလျက်ရှိပါ တယ်။ အောင်မင်္ဂလာအဝေးပြေးမှ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ယာဉ်လိုင်းပေါင်း ၁၂၀ ယာဉ်အစီးရေ ၄၉၀ စီးနဲ့ လှိုင်သာယာမြို့နယ်ရှိ ဒဂုံဧရာအဝေးပြေးယာဉ်လိုင်းမှ ယာဉ်လိုင်းပေါင်း ၇၆ လိုင်း ယာဉ်အစီးရေ ၂၁၀ စီးကို ခရီးသွားပြည်သူတွေကို နေ့စဉ်ဝန်ဆောင်မှုပေးလျက်ရှိရာ နွေရာသီ၊ ဆောင်းရာသီနှင့်ပွဲတော် အချိန်အခါ တို့တွင် ခရီးသွားလာမှုများ၍ ပုံမှန်ပြေးဆွဲမှုကို တိုးချဲ့ပြေးဆွဲပေးရလေ့ရှိကြောင်း သိရပါတယ်။ (NVS-004)

26 Aug

ADVERTISE HERE .