“ယူရီးယားနှင့် ၁၅ ပတ်လည်ကွန်ပေါင်းဓာတ်မြေဩဇာတို့ကို ဈေးကွက်ပေါက်ဈေး ၂၅ ရာခိုင်နှုန်းလျှော့၍ ဝယ်ယူနိုင်တော့မည်”

26 Aug

စိုက်ပျိုးရေးတောင်သူများ အဓိကလိုအပ်သည့် ယူရီးယားနှင့် ၁၅ ပတ်လည်ကွန်ပေါင်းဓာတ်မြေဩဇာတို့ကို ဈေးကွက်ပေါက်ဈေးထက် ၂၅ ရာခိုင်နှုန်း အောက်ဖြင့် ဖြန့်ဖြူးပေးမည်ဟု စိုက်ပျိုးရေးနှင့် မွေးမြူရေးဖွံ့ဖြိုးရေးကော်မရှင် ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက သြဂုတ်လ ၂၅ ရက်နံနက်ပိုင်းမှာ ကျင်းပတဲ့ စိုက်ပျိုးရေးနှင့်မွေးမြူရေး ဖွံ့ဖြိုးရေးကော်မရှင်၏ (၄/၂၀၂၅) အစည်းအဝေးတွင် ပြောကြားခဲ့ပါတယ်။ ယခုနှစ် ဩဂုတ်လမှစ၍ နိုင်ငံတော်၏စီးပွားရေးအထောက်အကူပြု သီးနှံများကို စိုက်ပျိုးထုတ်လုပ်လျက်ရှိတဲ့ တောင်သူများအဓိကလိုအပ်သော ယူရီးယားဓာတ်မြေဩဇာနှင့် ၁၅ ပတ်လည်ကွန်ပေါင်းဓာတ်မြေဩဇာတို့ကို စိုက်ပျိုး ရေးနှင့်မွေးမြူရေးဖွံ့ဖြိုးရေးကော်မရှင်နှင့် ယူရီယားဓာတ်မြေဩဇာတင်သွင်းဖြန့်ဖြူးရေးဦးဆောင်ကော်မတီ တို့မှ ဈေးကွက် ပေါက်ဈေးထက် ၂၅ ရာခိုင်နှုန်းအောက်ဈေးနှုန်းဖြင့် တောင်သူများလက်ဝယ်အရောက် ဖြန့်ဖြူးပေးသွားမည်ဟု ပြော ကြားခဲ့ပါတယ်။ မိုးသီးနှံအထွက်နှုန်းတိုးရန်လိုအပ်တဲ့ နေပြည်တော်အပါအဝင် တိုင်းဒေသကြီးတို့များ၌ အဓိကဖြန့်ဖြူးပေးထား တဲ့အပြင် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွက်ပါလျာထားဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် စပါး စိုက်ပျိုးတဲ့ တောင်သူများအား Drum Seeder များ အပြည့်အဝအသုံးပြုပြီး အစေ့ချဆောင်ရွက်ခြင်းနဲ့ စပါးအထွက်နှုန်း တိုးတက်ကောင်းမွန်စေရန် နိုင်ငံတော်မှမတည်ငွေများကို အတိုးမဲ့စိုက်ထုတ်ပေးထားကာ Drum Seeder များကို နေပြည်တော်နှင့် တိုင်းဒေသကြီး ၆ ခုအတွက် ရှေ့ပြေးဦးစားပေးဆောင်ရွက်ပေးထားပြီး ကျန်ရှိတဲ့ ဒေသများကိုလည်း ပံ့ပိုးကူညီပေးသွားမည်ဟု နိုင်ငံတော်ဝန်ကြီးချုပ်က ဆက်လက်ပြောကြားခဲ့ပါတယ်။ (NVS-004)

26 Aug

ADVERTISE HERE .