“မြန်မာအမျိုးသားလေကြောင်းလိုင်းမှ မကွေးမြို့ကို လေကြောင်းခရီးစဉ် တိုးချဲ့ပြေးဆွဲမည်”
25 Aug
မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA)သည် မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွင်ရှိသည့် မကွေးမြို့ကို လေကြောင်းခရီးစဉ် ထမ်မံတိုးချဲ့ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) သည် မန္တလေး-မကွေး၊ မြစ်ကြီးနား-မကွေး၊ မကွေး-နေပြည်တော်၊ မကွေး-ရန်ကုန် ခရီးစဉ်သစ်များကို ပျံသန်းပြေးဆွဲပေးမှာဖြစ်ပြီး အဆိုပါ ခရီးစဉ်များကို ATR 72-600 လေယာဉ်ဖြင့် ၂ဝ၂၅ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်မှ စတင်ကာ အပတ်စဉ် တနင်္လာနေ့တိုင်း ပျံသန်းပြေးဆွဲပေးသွားမယ်လို့ သိရပါတယ်။ (NVS-004)
25 Aug