“ထန်းတပင်မြို့နယ်၌ တောင်သူ ၇၇၄ ဦးတို့အား မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေကျပ် သိန်းကိုးထောင်သုံးရာကျော် ထုတ်ချေး”
25 Aug
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် ထန်းတပင်မြို့နယ်အတွင်းရှိတောင်သူများ၏ ဝင်ငွေနှင့်လူမှုစီးပွား ဘဝ များဖွံ့ဖြိုးတိုးတက်စေရေးနှင့် တောင်သူများ၏လိုအပ်သော စိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးရေးကဏ္ဍတွင် တစ်ဖက် တစ်လမ်းမှပံ့ပိုးနိုင်ရန် ဒေသခံတောင်သူများအား ချေးငွေများကို အတိုးနှုန်းသက်သာစွာဖြင့် ထုတ်ချေးပေးလျက်ရှိရာ လက်ရှိတွင် ဒေသခံတောင်သူ ၇၇၄ ဦးတို့အား မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေကျပ် သိန်းကိုးထောင်သုံးရာကျော်ကို ထုတ်ချေးထားပြီးဖြစ်ကြောင်း သိရပါတယ်။ ထန်းတပင်မြို့နယ်အနေနဲ့ ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးစပါးစိုက်ပျိုးရာသီမှာ မိုးစပါးစိုက်ဧက ၇,၅၀၀ ဧကအတွက် စိုက်ပျိုးစရိတ်ချေးငွေ ကျပ် သိန်းပေါင်းတစ်သောင်းတစ်ထောင်နှစ်ရာကျော် ထုတ်ချေးပေးရန်အတွက်လျာထားပြီး လက်ရှိ မှာ ကျေးရွာအုပ်စု ၃၈ ခုမှာရှိတဲ့ တောင်သူ ၇၇၄ ဦးတို့ရဲ့ စိုက်ဧက ၆,၂၄၃ ဧကအတွက် ကို တစ်ဧကငွေကျပ် တစ်သိန်းခွဲ နှုန်းနဲ့ စိုက်ပျိုးစရိတ်ချေးငွေကျပ် သိန်းကိုးထောင်သုံးရာကျော်ကို ထုတ်ချေးထားပြီး ဖြစ်ပါတယ်။ ထန်းတပင်မြို့နယ်အတွင်းရှိ တောင်သူများအနေဖြင့် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ အချိန်မီရရှိသည့်အတွက် စိုက်ပျိုးရေးကဏ္ဍတွင် အချိန်မီစွာ စိုက်ပျိုးနိုင်သလို ကျန်ရှိနေသည့် ရပ်ကွက်၊ ကျေးရွာအုပ်စုများရှိ တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေများ အချိန်မီပေးအပ်နိုင်ရေးအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ (NVS-004)