“ကြောင်ပန်းစေ့များ ပြည်ပဈေးကွက်ဝယ်ယူမှုကြောင့် အရောင်းအဝယ်ကောင်းနေ”

25 Aug

မြန်မာနိုင်ငံအလယ်ပိုင်းဒေသများ၌ တစ်နှစ်လျှင် တစ်ရာသီသာ သဘာဝအလျောက် အလေ့ကျပေါက်ရောက်လေ့ ရှိသော ကြောင်ပန်းပင်မှထွက်ရှိသည့် ကြောင်ပန်းစေ့များ မန္တလေးဈေးကွက်သို့ ဝင်ရောက်လျက်ရှိပြီး ယခုအခါ ပြည်ပ ဈေးကွက်ဝယ်လိုအားကြောင့် အရောင်းအဝယ်ကောင်းလျက်ရှိနေကြောင်း သိရပါတယ်။ ကြောင်ပန်းစေ့များကို ရှေးယခင်ကတည်းက မြန်မာတိုင်းရင်းဆေးများ ဖော်စပ်ရာတွင် ထည့်သွင်းအသုံးပြုခဲ့ကြ ပြီး ယခုအခါမှာ တရုတ်နိုင်ငံ၌ ဆေးဝါးထုတ်လုပ်ရာတွင် အရေးပါသောပါဝင်ပစ္စည်းတစ်မျိုးအဖြစ် သတ်မှတ်သုံးစွဲလာကြ ခြင်းကြောင့် ဈေးကွက်ခိုင်မာမှုရှိကာ ကြောင်ပန်းပင်များပေါက်ရောက်လေ့ရှိသော ဒေသများမှ ဒေသခံပြည်သူများ အနေဖြင့် အပိုဝင်ငွေရရှိနေပါတယ်။ ကြောင်ပန်းပင်များသည် မြန်မာနိုင်ငံအလယ်ပိုင်းနှင့် အညာဒေသများ၌ သဘာဝအလျောက် အလေ့ကျပေါက် ရောက်သော အပင်အမျိုးအစားဖြစ်ပြီး ကုန်းတွင်းကျသောနေရာများထက် မြစ်၊ ချောင်းကမ်းနားနှင့် သဲချောင်းကမ်းစပ် များတွင် ပိုမိုပေါက်ရောက်လေ့ရှိကာ ရေနံချောင်း၊ ချောက်နှင့် ကျောက်ပန်းတောင်း စတဲ့ ဒေသများ၌ ကြောင်ပန်းပင်များ ကို အများအပြားတွေ့ရှိနိုင်ပါတယ်။ ဒါ့အပြင် မန္တလေးတိုင်းဒေသကြီးရှိ သဲတော၊ ဝမ်းတွင်း၊ ကျောက်ဆည်၊ မြစ်သား အစရှိတဲ့ ဒေသများနှင့် ဇော်ဂျီ၊ ပန်းလောင်၊ ဒုဋ္ဌဝတီ စသည့် မြစ်ကမ်းနံဘေးတို့၌လည်း အလေ့ကျပေါက်ရောက်ပြီး စစ်ကိုင်းတိုင်းဒေသကြီးရှိ ပုလဲ၊ ယင်းမာပင်နှင့် မကွေးတိုင်းဒေသကြီး အနောက်ခြမ်းရှိ ဒေသတချို့၌ သဘာဝအလျောက်ပေါက်ရောက်လျက်ရှိကြောင်း သိရပါတယ်။ (NVS-004)

25 Aug

ADVERTISE HERE .