“စစ်ကိုင်းတိုင်းဒေသကြီးသို့ ပြည်တွင်း/ပြည်ပခရီးသွားဧည့်သည် ၇၆,၀၀၀ ကျော်ဝင်ရောက်ခဲ့”

25 Aug

စစ်ကိုင်းတိုင်းဒေသကြီးသို့ ယခု ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လကုန်အထိ ခုနစ်လတာကာလအတွင်း ပြည်တွင်း/ပြည်ပခရီးသွားဧည့်သည် ၇၆,၀၀၀ ကျော် ဝင်ရောက်ခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းသို့ လာရောက်ခဲ့လည်ပတ်ကြသည့် ခရီးသွားဧည့်သည်များအနက် အများစုမှာ ပြည်တွင်းခရီးသွားများဖြစ်ကြပြီး နိုင်ငံခြားခရီးသွားဧည့်သည်များမှာတော့ Package Tour ဖြင့် လာရောက်လည်ပတ် သူများရှိသလို မိမိအစီအစဉ်ဖြင့် သီးသန့်လာရောက်လည်ပတ်သူများလည်းရှိပါတယ်။ ခုနစ်လတာကာလအတွင်း လာရောက်လည်ပတ်ခဲ့တဲ့ ခရီးသွားများအနေဖြင့် ပြည်တွင်းခရီးသွားဧည့်သည် ၇၆,၂၉၈ ဦးနှင့် နိုင်ငံခြားခရီးသွား ဧည့်သည် ၄၄၃ ဦး ရှိပြီး စုစုပေါင်း ၇၆,၇၄၁ ဦးဖြစ်လာရောက်ခဲ့ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၂ မြို့နယ် ၌ လိုင်စင်ချပေးထားသော ဟိုတယ်နှင့်တည်းခိုရိပ်သာ စုစုပေါင်း ၆၆ ခုရှိပြီး ငလျင်ဒဏ်ကြောင့်ထိခိုက်ခဲ့တဲ့ ပျက်စီးမှု များကို ပြင်ဆင်ဆောင်ရွက်နေခြင်းနှင့် ယာယီပိတ်ထားခြင်းများကြောင့် လက်ရှိတွင် ဟိုတယ်နှင့်တည်းခိုရိပ်သာ ၃၁ ခုသာ ဖွင့်လှစ်ထားပါတယ်။ ဒါ့အပြင် စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့မှ လုပ်ငန်းလိုင်စင်ဖြင့် ဖွင့်လှစ်ထားသော တည်းခို ရိပ်သာပေါင်း ၂၁၂ ခုရှိပြီး လက်ရှိမှာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ခရီးသွားဇုန်ခြောက်ဇုန်ရှိသည့်အနက် မုံရွာခရီးသွား ဇုန်နှင့် စစ်ကိုင်းခရီးသွားဇုန်များသို့ ပြည်တွင်း/ပြည်ပခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မှုအများဆုံးရှိနေ ကြောင်း သိရပါတယ်။ (NVS-004)

25 Aug

ADVERTISE HERE .