“ဆာကာ ရဲ့တံကောက်ကြောဒဏ်ရာ ပြင်းထန်မှာကို စိုးရိမ်နေတဲ့ အာတီတာ”

25 Aug

အာဆင်နယ်အသင်းနည်းပြ အာတီတာ က ဆာကာ ရဲ့တံကောက်ကြောဒဏ်ရာ ပြင်းထန်မှာကို စိုးရိမ်နေ ပါတယ်။ ဆာကာဟာ အာဆင်နယ်ရဲ့ အခုရာသီအိမ်ကွင်းပွဲဦးထွက်အဖြစ် လိဒ်စ်ကို ၅ ဂိုးပြတ်နဲ့ အနိုင်ရတဲ့ပွဲမှာ အသင်းအတွက် ဒုတိယဂိုးကိုလည်း သွင်းယူပေးခဲ့ပါတယ်။ ဒါပေမယ့် တံကောက်ကြောဒဏ်ရာရခဲ့တာကြောင့် ၅၃ မိနစ်မှာပဲ ထရိုဆတ်ဒ်နဲ့ လူစားလဲခဲ့ရပါတယ်။ ဆာကာ ဒဏ်ရာမရရှိခင် အသင်းခေါင်းဆောင် အော်ဒီဂွါ ကလည်း ပခုံးဒဏ်ရာရခဲ့လို့ ၃၈ မိနစ်မှာ လူငယ်ကြယ်ပွင့် နွမ်နယ်ရီနဲ့ လူစားလဲခဲ့ရပါတယ်။ ဆာကာ ဟာ ပြီးခဲ့တဲ့ရာသီကလည်း တံကောက်ကြောဒဏ်ရာနဲ့ လေးလနီးပါး အနားယူခဲ့ရပါတယ်။ (NVS 008)

25 Aug

ADVERTISE HERE .