“မန်စီးတီးအသင်းကို အနိုင်ရပြီးနောက် နည်းပြ ဖရန့်ခ် ကို ချီးကျူးခဲ့တဲ့ စပါးအသင်းကစားသမားများ”

25 Aug

အီတီဟတ်ကွင်းမှာ မန်စီးတီးအသင်းကို ၂ ဂိုးပြတ်နဲ့ အနိုင်ရပြီးနောက် နည်းပြ သောမတ်စ်ဖရန့်ခ် ကို စပါးကစားသမားတွေက ချီးကျူးခဲ့ကြပါတယ်။ အဲဒီပွဲမှာ အနိုင်ဂိုးသွင်းခဲ့ကြတဲ့ ဘရန်နန်ဂျွန်ဆင်နဲ့ ပယ်လ်ဟင်ညာတို့က ပြောကြားခဲ့တာဖြစ်တယ်။ စပါးအသင်းဟာ အခုနွေရာသီမှာ ယူရိုပါလိဂ်ဖလားရယူပေးခဲ့တဲ့ ပိုစတီကိုဂလူး ကို ထုတ်ပယ် ခဲ့ပြီး ဘရန့်ဖို့ဒ်အသင်းနည်းပြ ဖရန့်ခ် နဲ့ အစားထိုးခဲ့တာဖြစ်တယ်။ ပရီးမီးယားလိဂ်ရာသီအဖွင့်မှာ နှစ်ပွဲစလုံးအနိုင်ရထား ပြီး clean sheet ရရှိထားခဲ့ပါတယ်။ စပါးအနေနဲ့ ပြီးခဲ့တဲ့ဥရောပစူပါဖလားမှာ PSG အသင်းကို နှစ်ဂိုးပြတ် ဦးဆောင်ထား ပြီးမှ နောက်ကျဂိုးတွေနဲ့ သရေကျကာ ပယ်နယ်တီအဆုံးအဖြတ်နဲ့ အရေးနိမ့်ခဲ့ရပါတယ်။ (NVS 008)

25 Aug

ADVERTISE HERE .