“ပရီးမီးယားလိဂ်ပွဲစဉ်(၂) ရလဒ်များ”

25 Aug

ယခုတစ်ပတ်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၂)မှာ အသင်းများရဲ့အကောင်းဆုံးရလဒ်များနှင့်အတူ အကြိတ်အနယ်ရှိခဲ့ပြီး ပြိုင်ဆိုင်မှုပြင်းထန်ခဲ့ပါတယ်။ ဩဂုတ်လ ၂၃ ရက် စနေနေ့မှာ ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်များမှ ဂိုးပြတ်နိုင်ပွဲအဖြစ် ချဲလ်ဆီးအသင်းက ဝက်စ်ဟမ်း အသင်းကို ၅ ဂိုး ၁ ဂိုး ဆိုတဲ့ ရလဒ်နဲ့အနိုင်ရရှိခဲ့သလို အာဆင်နယ်အသင်းကလည်း လိဒ်အသင်းကို ၅ ဂိုးပြတ်နဲ့ အနိုင်ရရှိ ခဲ့ပါတယ်။ ယခုတစ်ပတ် အသင်းကြီးနှစ်သင်း ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ပွဲစဉ်မှာ စပါးအသင်းက အိမ်ရှင် မန်စီးတီးအသင်းကို ၂ ဂိုး ဂိုးမရှိနဲ့အနိုင်ရရှိခဲ့ပါတယ်။ အက်စတွန်ဗီလာအသင်းကတော့ ဘရန်းဖို့ဒ်အသင်းကို တစ်ဂိုး၊ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။ ဩဂုတ်လ ၂၄ ရက် စူပါဆန်းဒေးမှာတော့ အဲ‌ဗာတန်အသင်းက ဘရိုက်တန်အသင်းကို ၂ ဂိုးပြတ်နဲ့အနိုင်ရှိခဲ့ပြီး ပဲလေ့အသင်းနဲ့ နော်တင်ဟမ်အသင်းတို့က တစ်ဖက်တစ်ဂိုးစီနဲ့ သရေရလဒ်ထွက်ပေါ်ခဲ့ပါတယ်။ ယခုတစ်ပတ်ရဲ့ နောက်ဆုံး ပွဲစဉ်ဖြစ်တဲ့ မန်ယူအသင်းနဲ့ ဖူဟမ်အသင်းတို့ပွဲစဉ်မှာတော့ တစ်ဖက်တစ်ဂိုးစီနဲ့ သရေရလဒ်ဖြစ်ပေါ်ခဲ့ပါတယ်။ (NVS 008)

25 Aug

ADVERTISE HERE .