“ဆော်ဒီစူပါဖလားချန်ပီယံဖြစ်ခဲ့တဲ့ အယ်လ်အာလီအသင်း”

25 Aug

၂၀၂၅ ဆော်ဒီစူပါဖလားပြိုင်ပွဲ ဗိုလ်လုပွဲမှာ အယ်လ်အာလီအသင်းက အယ်လ်နာဆာအသင်းကို အနိုင်ရဗိုလ်စွဲ ခဲ့ပါတယ်။ အယ်လ်နာဆာအသင်းက ပွဲချိန် ၄၁ မိနစ်မှာ ပယ်နယ်တီ မှ တစ်ဆင့် စီရော်နယ်လ်ဒို၊ ပွဲချိန် ၈၂ မိနစ်မှာ ဘရိုဇိုဗစ် တို့ရဲ့သွင်းဂိုးတွေနဲ့ ဦးဆောင်ခဲ့ပေမယ့် အယ်လ်အာလီအတွက် ချေပဂိုးတွေကို ပထမပိုင်းနာကျင်အချိန်ပို ၆ မိနစ်မှာ ကက်ဆီး၊ ဒုတိယပိုင် ၈၉ မိနစ်မှာ အီဘာနက်ဇ် တို့က ချေပဂိုးတွေ ပြန်လည်သွင်းယူခဲ့ပါတယ်။ ပယ်နယ်တီ အဆုံးအဖြတ်မှာ အယ်လ်အာလီအသင်း က ၅ ဂိုး ၃ ဂိုးနဲ့ ဒုတိယအကြိမ်မြောက်အဖြစ်အနိုင်ရရှိခဲ့ပါတယ်။ အယ်လ်အာလီ အသင်းဟာ စူပါဖလားကို ၂၀၁၆ ခုနှစ်က ပထမအကြိမ်အဖြစ် ဗိုလ်စွဲနိုင်ခဲ့ပါတယ်။ ဆော်ဒီစူပါဖလားကို ဟောင်ကောင်မှာ ကစားခဲ့တာဖြစ်ပြီး ဆီမီးဖိုင်နယ်တွေမှာ အယ်လ်နာဆာအသင်းက အယ်လ်အစ်တီဟတ်ကို ၂ ဂိုး၊ ၁ ဂိုး၊ အယ်လ်အာလီ အသင်းက အယ်လ်ကာဆီယာကို ၅ ဂိုး ၁ ဂိုး တို့နဲ့ အနိုင်ရရှိခဲ့ပါတယ်။ (NVS 008)

25 Aug

ADVERTISE HERE .