“ဂုတ်ထိပ်တံတား ဖျက်ဆီးခံရမှုနှင့်ပတ်သက်ပြီး လက်တုံ့ပြန်သွားမည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြော”
25 Aug
ကမ္ဘာကျော်ဂုတ်ထိပ်တံတား မိုင်းခွဲဖျက်ဆီးခံရမှုနှင့်ပတ်သက်ပြီး ပြင်းထန်တဲ့ လက်တုံ့ပြန်မှုတွေ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း က ပြောကြားခဲ့ပါတယ်။ လက်ရှိကာလအတွင်း TNLA နှင့် PDF အဖွဲ့များ ဝင်ထွက်သွားလာနေခြင်းကြောင့် တံတားပြင်ဆင်မှုများကို လတ်တလော လုပ်ဆောင်နိုင်ခြင်းမရှိသေးကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့ပါတယ်။ နှစ်ပေါင်း ၁၂၅ နှစ် သက်တမ်းရှိ ကမ္ဘာကျော်ဂုတ်ထိပ်တံတားအား ဩဂုတ်လ ၂၄ ရက်က TNLA မှ မိုင်းခွဲခဲ့ပြီး ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ် ခဲ့ကြောင်း သိရပါတယ်။ ဂုတ်ထိပ်တံတားကို နောင်ချိုမြို့အနီး ခုနှစ်မိုင်ခန့်အကွာ၊ မန္တလေး–လားရှိုးလမ်းပေါ်၌ တည်ဆောက်ထားခြင်း ဖြစ်ပါတယ်။ တံတားပျက်စီးမှုနှင့် ပတ်သက်၍ အသေးစိတ်မသိရသေးသော်လည်း ကျောက်မဲမြို့ ဘက်ခြမ်းတွင် ပေသုံးဆယ်ခန့် ပျက်စီးသွားကြောင်း ဒေသခံများက မျှဝေထားပါတယ်။ ဂုတ်ထိပ်တံတားကို ၁၈၉၉ ခုနှစ်၌ တည်ဆောက်ခဲ့ပြီး ၁၉၀၀ ခုနှစ်၌ ပြီးစီးခဲ့ကာ ကမ္ဘာ့အမြင့်ဆုံးတံတား စာရင်းဝင်ကမ္ဘာ့အမွေအနှစ် ဂုတ်ထိပ်တံတားကြီး ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)