"ရန်ကုန်ဆင်ပြတိုက်တွင် ဆင်များ၏ ရှားပါးသောအစိတ်အပိုင်းများကို လေ့လာနိုင်"

25 Aug

၂၀၁၉ ခုနှစ်၊ မတ်လ ၃ ရက် ကမ္ဘာ့တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးနေ့တွင် ဆင်များကို ကာကွယ်ရန်နှင့် ပြည်သူလူထုကို အသိပညာပေးရန် ရည်ရွယ်၍ မြန်မာနိုင်ငံ၏ ပထမဆုံးသော နိုင်ငံတကာအဆင့်မီ ဆင်ပြတိုက်ကို ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင် ခမ်းနားစွာဖွင့်လှစ်ပြသခဲ့ပါတယ်။ ဆင်ပြတိုက်တွင် အာရှဆင်များ၏ နေထိုင်ကျက်စားရာဒေသများနှင့် အလေ့အထများ၊ မြန်မာနိုင်ငံအတွင်းရှိ သဘာဝဆင်များ၏ နေထိုင်ကျက်စားပုံ အမူအကျင့်များနှင့် ယင်းတို့၏ ခေတ်အဆက်ဆက်သမိုင်းကြောင်း အသေးစိတ် တို့ကို အနီးကပ်ကြည့်ရှု့လေ့လာနိုင်မှာဖြစ်ပါတယ်။ ဆင်များ၏ ရှားပါးသောအစိတ်အပိုင်းများ၊ အသုံးအဆောင်ပစ္စည်းများ၊ ရှေးဆင်အရိုးများ၊ ကျောက်ဖြစ်ရုပ်ကြွင်း များ၊ ဆင်စွယ်ကြီးများ၊ ဆင်တစ်ကောင်လုံး၏ အရိုးငြမ်းပုံပြသထားမှု၊ ဆင်အစိတ်အပိုင်းများနှင့် ပြုလုပ်ထားသော မြန်မာ့ရိုးရာလက်မှုပစ္စည်းများ၊ ဆင် နှင့် ပတ်သတ်တဲ့ အကြောင်းအရာများကို စုစည်းထားသော ဆင်ထိန်းသိမ်းရေး နည်းပညာစာအုပ်များကို ကိုယ်တိုင်ကိုယ်ကျ အနီးကပ်လေ့လာနိုင်မှာ ဖြစ်ပါတယ်။ ဆင်ပြတိုက် ဖွင့်လှစ်ထားရခြင်း၏ ရည်ရွယ်ချက်မှာ ဆင်အစိတ်အပိုင်းများ တရားမဝင်ကူးသန်းရောင်းဝယ်မှုကို တားဆီးနှိမ်နင်းရေး၊ လူနှင့်ဆင်ကြား ပဋိပက္ခဖြစ်ပွားမှုများကို လျှော့ချရေး၊ တောရိုင်းဆင်များ မျိုးသုဥ်းခြင်းမှ ကာကွယ် ရေး၊ ပြည်သူလူထုမှ သဘာဝထိန်းသိမ်းရေးအပေါ် အသိမြင်နိုးကြားလာစေရန်၊ ဆင်ထိန်းသိမ်းရေးလုပ်ငန်းများမှာ ပြည်သူ များ ပူးပေါင်းပါဝင်လာစေရန်တို့ကို ရည်ရွယ်ထားခြင်းဖြစ်ကြောင်း သိရပါတယ်။ (NVS 004)

25 Aug

ADVERTISE HERE .