“နောင်ချိုမြို့နယ်မှ အသက် ၁၅ နှစ်အောက်ကလေးငယ်များအား လိုအပ်သော ကာကွယ်ဆေးများထိုးနှံပေး”
25 Aug
တပ်မတော်မှ နောင်ချိုမြို့နယ်ကို ပြန်လည်ထိန်းချုပ်သိမ်းပိုက်ပြီးနောက် ဒေသခံများကို ကျန်းမာစောင့်ရှောက်မှု များပြုလုပ်ပေးလျက်ရှိရာ ဇူလိုင်လ ၂၅ ရက်မှ သြဂုတ်လ ၂၂ ရက်အထိ တစ်လခန့်အတွင်း အသက် ၁၅ နှစ်အောက်ကလေးငယ် ၁,၆၀၀ ဦးအား အမီလိုက်(Big Catchup)နည်းလမ်းဖြင့် လိုအပ်သောကာကွယ်ဆေးများကို ထိုးနှံတိုက်ကျွေးပေးလျက် ရှိကြောင်း သိရပါတယ်။ အခြေခံကျန်းမာရေးဝန်ထမ်းများမှ အသက် ၅ နှစ်အောက်နှင့် ကာကွယ်ဆေးနဲ့ ကာကွယ်၍ရသော ရောဂါများ ဖြစ်ပွားနိုင်ခြေများပြီး အစုအဝေးနဲ့နေထိုင်သောနေရာများမှ အသက်အရွယ်အလိုက် လိုအပ်သောကာကွယ်ဆေးများ မရရှိခဲ့တဲ့ အသက် ၁၅ နှစ်အောက်ကလေးများကို အသက်အရွယ်အလိုက် လိုအပ်သောကာကွယ်ဆေးများအား နောင်ချို မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အထူးအစီအစဉ်ဖြစ်သော အမီလိုက်(Big Catchup)နည်းလမ်းနဲ့ထိုးနှံတိုက်ကျွေး ပေးလျက်ရှိကြောင်း သိရပါတယ်။ (NVS 004)
25 Aug