“ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)ကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စုခွင့်ပြုရန်ပုံငွေနဲ့ အထွေထွေပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်”
25 Aug
အခုလိုဆောင်ရွက်ရာမှာ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)အတွင်းရှိ ကချင်၊ကယား၊ကရင်၊ချင်း၊ဗမာ၊ မွန်၊ ရခိုင်၊ရှမ်း စတဲ့တိုင်းရင်းသားများရဲ့ရိုးရာအိမ်များကို မူလအစဉ်အလာမပျောက်ပျက်စေရန် လိုအပ်တဲ့ ပြုပြင် ထိန်းသိမ်းမှုလုပ်ငန်းများကိုပါ ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ဒါ့အပြင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စု ခွင့်ပြုဘဏ္ဍာရန်ပုံငွေနဲ့ သောင်တူးခြင်း၊ မြေယာရှုခင်းပြုပြင်ခြင်း၊ ပန်းအလှပင်များစိုက်ပျိုးခြင်းနှင့် အထွေထွေပြုပြင်ခြင်း လုပ်ငန်းများကိုပါ အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်နေကြောင်းလည်း သိရပါတယ်။ ယခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)မှာ Solar Panel စုစုပေါင်း ၅၈ လုံးနဲ့ တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)မှ သိရပါတယ်။ ထိုသို့တပ်ဆင်မှုရာတွင် ရိုးရာအိမ်များ၊ နန်းမြင့်မျှော်စင်၊ ဆလုံပြခန်းနှင့် ဝန်ထမ်းအိမ်ရာများမှာ အသုံးပြုနိုင်ရန် အတွက် တပ်ဆင်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ အထက်ပါ Solar Panel တပ်ဆင်ခြင်းလုပ်ငန်းများအပါအဝင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်မှာ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)၏ ငွေလုံးငွေရင်းဖြင့် သန်း၂၀ အောက် လုပ်ငန်းများနှင့် သန်း၂၀ အထက်တင်ဒါလုပ်ငန်းများကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ တိုင်းရင်းသားကျေးရွာသို့ အများပြည်သူများ အားလပ်ရက်မှာ ပိုမိုလာရောက်လည်ပတ်ကြစေရန် ယခုဆောင်ရွက် နေတဲ့ လုပ်ငန်းများအားလုံးကို သတ်မှတ်ကာလအတွင်း ပြီးစီးရေးကိုလည်း ဦးစားပေးဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)မှသိရပါတယ်။ (NVS 004)