“ဈေးကွက်အတွင်း ထိုင်းကုန်စည်များ ဈေးနှစ်ဆခန့်မြင့်တက်”
25 Aug
မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေး ရပ်တန့်မှုကို အကြောင်းပြ၍ ဈေးကွက်အတွင်းထိုင်းကုန်စည်များ ဈေးနှစ်ဆ ခန့်မြင့်တက်နေကြောင်း သိရပါတယ်။ နယ်စပ်လမ်းကြောင်းပိတ်ဆို့မှုကြောင့် ကုန်သည်အချို့က ကုန်ပစ္စည်းများကို သိုလှောင်ထားခြင်း၊ ဈေးကစားခြင်း များ ပြုလုပ်မှုများရှိနေကြောင်းလည်း သိရပါတယ်။ လက်ရှိဈေးကွက်အတွင်း ထိုင်းကုန်စည်များနေရာတွင် မြန်မာ ထုတ်ကုန်များနဲ့ အစားထိုးရောင်းချမှုများရှိလာပြီး ယင်းကဲ့သို့လုပ်ဆောင်ခြင်းက ပြည်တွင်းထုတ်ကုန်ကို အားပေးရာ ရောက်ကြောင်း သိရပါတယ်။ မြန်မာ - ထိုင်းနယ်စပ်ဂိတ်ကို ရုတ်တရက် ပိတ်လိုက်ခြင်းကြောင့် ထိုင်းဘက်ခြမ်းမှာ မြန်မာနိုင်ငံဘက်သို့ဝင်မည့် ကုန်ကားအစီးရေ ၅၀၀ ဝန်းကျင် လက်ရှိအချိန်ထိ ပိတ်မိနေကြောင်းလည်း သိရပါတယ်။ (NVS 004)
25 Aug