အာတိတ်နှင့် အလက်စကာဒေသ၌ အမေရိကန်နှင့် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးနေကြောင်း ရုရှားသမ္မတ ပြော

24 Aug

အာတိတ်ဒေသနှင့် အလက်စကာဒေသတို့၌ အမေရိကန်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရေးအတွက် ဆွေးနွေး မှုများလုပ်နေကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင် က ပြောသည်။ “ကျွန်တော်တို့ရဲ့ အာတိတ်ဒေသနယ်ပယ်မှာသာမက အလက်စကာဒေသနယ်ပယ်မှာပါ ပူးပေါင်းဆောင်ရွက်မှု များ လုပ်ဆောင်နိုင်ရေးအတွက် အမေရိကန်နိုင်ငံနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေပါတယ်”ဟု ပူတင် က ဩဂုတ်လ ၂၂ ရက်တွင် ရုရှားနျူကလီးယားစက်မှုလုပ်ငန်း အလုပ်သမားများနှင့်တွေ့ဆုံစဉ် ပြောခြင်းဖြစ်သည်။ ထို့ပြင် အာတိတ်ဒေသ၌ လုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သောနည်းပညာကို ရုရှားနိုင်ငံကသာ ပိုင်ဆိုင်ထားခြင်းဖြစ်ကြောင်း၊ ထိုအချက်ကြောင့်ပင် အမေရိကန်နိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းမှ ရင်းနှီးမြှုပ်နှံသူ များ၏ စိတ်ဝင်စားမှုများကို ရရှိလာခြင်းဖြစ်ကြောင်း ပူတင် က ပြောသည်။ ယင်းသို့ ပူးပေါင်းဆောင်ရွက်မှု ပဏာမခြေလှမ်းများသည် ရုရှားနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့ကြား ဆက်ဆံရေးကို အပြည့်အဝ ပြန်လည်ထိန်းသိမ်း နိုင်ရေးအတွက် အစအဖြစ် ယူဆထားကြောင်း ပူတင် ကပြောသည်။

24 Aug

ADVERTISE HERE .