ရန်ကုန် ဗဟိုအမျိုးသမီးဆေးရုံတွင် သားသမီးမရသည့် ဇနီးမောင်နှံများအတွက် Fertility Centre ဖွင့်လှစ်၍ ဝန်ဆောင်မှုပေးနေ

23 Aug

ရန်ကုန် ဗဟိုအမျိုးသမီးဆေးရုံတွင် သားသမီးမရသေးသည့် ဇနီးမောင်နှံများအတွက် သားသမီးရရှိစေရေးအတွက် ခေတ်မီနည်းပညာများကို အသုံးပြုကာ စစ်ဆေးဆောင်ရွက်ပေးနေသည့် Fertility Centre ဖွင့်လှစ်၍ ဝန်ဆောင်မှု ပေးလျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း က ပြောကြားခဲ့ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဩဂုတ်လ ၂၂ ရက်က ရန်ကုန်မြို့ရှိ ဗဟိုအမျိုးသမီးဆေးရုံကြီး သို့ သွားရောက်၍ ကုသရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေကို ကြည့်ရှုစစ်ဆေးစဉ် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ ပြည်ထောင်စုဝန်ကြီးက ဗဟိုအမျိုးသမီးဆေးရုံကြီးသည် ကိုယ်ဝန်ဆောင်မိခင်များ၊ အမျိုးသမီးရောဂါများအတွက် မြန်မာနိုင်ငံတွင် အကြီးဆုံးကုသရေးဌာနကြီးဖြစ်ပြီး သင်ကြားရေးဆေးရုံကြီးလည်းဖြစ်လို့ စံပြဆေးရုံကြီးဖြစ်ရန် လိုကြောင်း၊ ဆေးရုံကြီးကို အားကိုး၍လာရောက်ကြသော ကိုယ်ဝန်ဆောင်မိခင်များ၊ လူနာများကို အကောင်းဆုံး ဝန်ဆောင်မှုများ ဆောင်ရွက်ပေးကြပြီး ပိုမိုအားကိုးမှုရရှိကာ အန္တရာယ်ကင်းစွာကလေးမွေးဖွားခြင်းဖြင့် မိခင်၊ ကလေး သေဆုံးမှုလျော့နည်းအောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ အမျိုးသမီးများတွင် အဖြစ်များသော သားအိမ်ခေါင်းကင်ဆာကဲ့သို့ မီးယပ်ကင်ဆာရောဂါများကိုလည်း စောစီးစွာသိရှိစေရေးအတွက် ပြင်ပလူနာ ကြည့်ရှုချိန် များ ပိုမိုတိုးတက်ဆောင်ရွက်သွားကြရန်၊ Fertility Centre ဖွင့်လှစ်၍ ဝန်ဆောင်မှုပေးနေမှုကိုလည်း ယခုထက် ပိုမိုတိုးတက်စေရေး လိုအပ်ချက်များ ဖြည့်ဆည်းပေးမည်ဖြစ်ကြောင်းနှင့် နိုင်ငံတော်ကပံ့ပိုးပေးလျက်ရှိသည့် ထောက်ပံ့ မှုများကို လူနာများ အကျိုးရှိစွာခံစားရရှိစေရေး အားလုံးပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားခဲ့ကြောင်း သိရပါတယ်။(NVS 004)

23 Aug

ADVERTISE HERE .