နော်တင်ဟမ်အသင်းက နည်းပြ ဆန်းတို့စ် ကို ရာထူးမှထုတ်ပယ်ရန် စီစဉ်နေ

23 Aug

နော်တင်ဟမ်အသင်းက ကစားသမားခေါ်ယူမှုနှင့်ပတ်သက်ပြီး အသင်းနည်းပြ ဆန်းတို့စ် နဲ့ တင်းမာမှုများ ရှိလာ ခဲ့လို့ ရာထူးမှထုတ်ပယ်ရန် ဆုံးဖြတ်ခဲ့ကြောင်း သိရပါတယ်။ နည်းပြ ဆန်းတို့စ် အနေနဲ့ ယခုနွေရာသီ အပြောင်းအရွှေ့ကာလတွင် ကစားသမားသစ်ခေါ်ယူမှုအတွက် ပြောင်းရွှေ့ကြေးစတာလင် ပေါင် ၁၅၁ သန်းထိ အသုံးပြုခဲ့ပြီးနောက် အသင်းပိုင်ရှင် အီဗန်ဂျီလို့စ် မာရီနာကစ် က ၎င်းကို အပြောင်း အရွှေ့မူဝါဒနှင့်ပတ်သက်ပြီး သဘောကျမှုမရှိခဲ့ဘဲ ရာထူးမှထုတ်ပယ်ရန် စီစဉ်နေခြင်းဖြစ်ပါတယ်။ အသက် ၅၁ နှစ်အရွယ် နည်းပြ ဆန်းတို့စ် ဟာ နော်တင်ဟမ်အသင်းကို ပြီးခဲ့တဲ့ဘောလုံးရာသီ သိမ်းချိန်မှာ ယူရိုပါလိဂ်ယှဉ်ပြိုင်ခွင့်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ၁၉၈၀ ပြည့်နှစ်နောက်ပိုင်း ဥရောပပြိုင်ပွဲ ပထမဆုံးကစားခွင့် ရယူပေးခဲ့လို့ အသင်းပရိသတ်များရဲ့ အားပေးထောက်ခံမှုကို ရရှိထားခဲ့ပါတယ်။ ၎င်းကိုထုတ်ပယ်ခဲ့ပါက အသင်းအနေနဲ့ ပရိသတ်များ၏ဆန့်ကျင်မှုနှင့် ရင်ဆိုင်ရဖွယ်ရှိကြောင်း သိရပါတယ်။ နည်းပြ ဆန်းတို့စ် ရဲ့နေရာမှာ စပါးအသင်းနည်းပြဟောင်း အန်ဂျီ ကို ခန့်အပ်နိုင်ကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိပါတယ်။(NVS 008)

23 Aug

ADVERTISE HERE .