မန်စီးတီးအသင်းမှ အယ်ချီဘာရီ ကို အငှားစာချုပ်ဖြင့်ခေါ်ယူခဲ့တဲ့ လေဗာကူဆင်အသင်း

23 Aug

လေဗာကူဆင်အသင်းက တိုက်စစ်ပိုင်းမှ ဘွန်နီဖေ့ ကို အေစီမီလန်အသင်းထံသို့ ရောင်းချခဲ့ပြီးနောက် မန်စီးတီးအသင်း လူငယ်တိုက်စစ်ကစားသမား အယ်ချီဘာရီ ကို အငှားစာချုပ်ဖြင့် ခေါ်ယူခဲ့ကြောင်း သိရပါတယ်။ အယ်ချီဘာရီ ကိုခေါ်ယူရန် ဒေါ့မွန်အသင်း၊ လာဇီယိုအသင်းနဲ့ ဂျီရိုနာအသင်း တို့က ကြိုးပမ်းခဲ့သော်လည်း ကစားသမားအနေနဲ့ လေဗာကူဆင်အသင်းသို့သာ ပြောင်းရွှေ့ရန်ဆုံးဖြတ်ခဲ့ပြီး တစ်ရာသီအငှားစာချုပ်ဖြင့် ပြောင်းရွှေ့ ခဲ့ပြီး အပြီးသတ်ဝယ်ယူခွင့် မပါရှိကြောင်းသိရပါတယ်။ အသက် ၁၉ နှစ်ရှိ လူငယ်ကစားသမား အယ်ချီဘာရီ ဟာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှာ ရေဗားပလိတ်အသင်းမှ မန်စီးတီးအသင်းသို့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ စာချုပ်ပါ သဘောတူညီချက်အရ ရာသီဝက်အငှားစာချုပ်ဖြင့် ရေဗားပလိတ်အသင်းတွင် ကစားခွင့်ပေးခဲ့ရပြီး အသင်းနှင့်ပူးပေါင်းချိန်တွင် ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ၌ ပြိုင်ပွဲစုံ သုံးပွဲသာ ကစားခွင့်ရခဲ့ကာ သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ လေဗာကူဆင်အသင်းအနေက နည်းပြ တန်ဟတ် ရောက်ရှိလာချိန်တွင် ခံစစ်ကစားသမား ဖရင်ပေါင် နဲ့ ဖလို ရီယန်ဝစ် ကို လီဗာပူးလ်အသင်း၊ အိုဒီလွန် ကို အတ္တလန်တာအသင်း၊ ရှာကာ ကို ဆန်းဒါးလန်းအသင်း၊ အက်ဒလီ ကို ဘုန်းမောက်အသင်း တို့ထံ ပြောင်းရွှေ့ခွင့်ပြုခဲ့ပြီး ဘရန့်ဖို့ဒ်အသင်းမှ ဂိုးသမား ဖလက်ကန်၊ လီဗာပူးလ်အသင်းမှ ကွမ်ဆာဟ်၊ ပီအက်စ်ဗွီအသင်းမှ မာလစ်၊ အယ်ခမာအသင်းမှ ပိုကူ၊ မန်စီးတီးအသင်းမှ အယ်ချီဗာရီ နဲ့ ဆီဗီလာအသင်းမှ ဘလိတ် တို့ကို ပြန်လည်ခေါ်ယူထားခဲ့ပါတယ်။(NVS 008)

23 Aug

ADVERTISE HERE .