ရာသီအဖွင့်ပွဲစဉ်မှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့ ဟာရီကိန်း

23 Aug

၂၀၂၅-၂၆ ဘွန်ဒက်စ်လီဂါ ရာသီအဖွင့်ပွဲစဉ်အဖြစ် သောကြာညမှာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ လိုက်ပ်ဇစ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ဘိုင်ယန်အသင်းက ၆ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဘိုင်ယန်အသင်းအတွက် ဂိုးတွေကို ဟယ်ရီကိန်း က သုံးဂိုး၊ အိုလစ် က နှစ်ဂိုးနဲ့ ဒီယက်ဇ် က တစ်ဂိုး သွင်းယူပေးခဲ့ ပါတယ်။ တိုက်စစ်မှူး ဟယ်ရီကိန်း က ပြီးခဲ့တဲ့ရာသီမှာ သွင်းဂိုးအများဆုံး ရွှေဖိနပ်ဆုရခဲ့သလို ယခုရာသီအဖွင့်ပွဲမှာလဲ ခြေစွမ်းပြကာ ဟက်ထရစ် ရယူနိုင်ခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာ ဟယ်ရီကိန်း က ဘိုင်ယန်အသင်းအတွက် ပွဲချိန် ၆၄ မိနစ်ကနေ ၇၇ မိနစ်အကြား သွင်းဂိုးသုံးဂိုးကို ၁၃ မိနစ်အတွင်း သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ယခုနွေရာသီမှာ လီဗာပူးလ်အသင်းကနေ ပြောင်းရွှေ့လာတဲ့ တောင်ပံတိုက်စစ်ကစားသမား ဒီယက်ဇ် ကလည်း သွင်းဂိုး ၁ ဂိုးနဲ့ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။(NVS 008)

23 Aug

ADVERTISE HERE .