မန်စီးတီးအသင်းနဲ့ သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့တဲ့ ရူဘင်ဒီယက်စ်
23 Aug
ပေါ်တူဂီလက်ရွေးစင်နဲ့ မန်စီးတီးအသင်း နောက်ခံလူ ရူဘင်ဒီယက်စ် ဟာ မန်စီးတီးအသင်းနဲ့ သက်တမ်းတိုး စာချုပ်သစ်တစ်ရပ် ချုပ်ဆိုခဲ့ကြောင်းသိရပါတယ်။ ထပ်မံချုပ်ခဲ့တဲ့ စာချုပ်သစ်ကြောင့် ဒီယက်စ် ဟာ မန်စီးတီးအသင်းမှာ ၂၀၂၉ ခုနှစ်အထိ ရှိနေတော့မှာဖြစ်ပါတယ်။ အသက် ၂၈ နှစ်အရွယ် ဒီယက်စ် ရဲ့ လက်ရှိစာချုပ်က ၂၀၂၇ တွင် ကုန်ဆုံးမှာဖြစ်လို့ အသင်းရဲ့ အဓိကနောက်ခံ လူကို မန်စီးတီးအသင်းက လက်လွှတ်လိုခြင်းမရှိတာကြောင့် စာချုပ်သက်တမ်းတိုးမြှင့်ခဲ့ခြင်းဖြစ်ပြီး စာချုပ်သစ်တွင် နောက်ထပ်တစ်နှစ် အလိုအလျောက်သက်တမ်းတိုးခွင့်လည်း ပါရှိခဲ့ပါတယ်။ ဒီယက်စ် ဟာ ၂၀၂၀ ပြည့်နှစ်မှာ ဘင်ဖီကာအသင်းမှ ပေါင် ၆၅ သန်းနဲ့ ပြောင်းရွှေ့ရောက်ရှိခဲ့ပြီး အသင်းနဲ့အတူ ပထမဆုံးရာသီမှာပဲ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ ပရီးမီးယားလိဂ် တစ်နှစ်တာအကောင်းဆုံး ကစားသမား အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ မန်စီးတီးအသင်းနဲ့အတူ ၅ နှစ်တာကာလအတွင်း ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်၊ အက်ဖ်အေနဲ့ လိဂ်ဖလားအပါအဝင် အောင်မြင်မှုများရရှိခဲ့ပါတယ်။(NVS 008)