ဂိုးသမား အိုနာနာ အတွက် ပြောင်းရွှေ့ကြေးကို စတာလင်ပေါင် သန်း ၃၀ မန်ယူအသင်းသတ်မှတ်
23 Aug
မန်ယူအသင်းက အင်တာမီလန်အသင်းက ပြန်လည်ခေါ်ယူလိုနေသည့် ဂိုးသမား အိုနာနာ အတွက် ပြောင်းရွှေ့ကြေးကို စတာလင်ပေါင် သန်း ၃၀ သတ်မှတ်ခဲ့ကြောင်း သိရပါတယ်။ အိုနာနာ အနေနဲ့ အသင်းဟောင်းအင်တာမီလန်အသင်းတွင် ကစားခဲ့စဉ်က အကောင်းဆုံးလက်စွမ်း ပြသနိုင်ခဲ့သော်လည်း မန်ယူအသင်းသို့ ပြောင်းရွှေ့ကစားခဲ့ပြီးနောက် လက်စွမ်းပြသနိုင်ရန် ရုန်းကန်နေရပြီး ဝေဖန်မှုများနဲ့လည်း ရင်ဆိုင်နေရခြင်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်က အင်တာမီလန်အသင်းမှ ဂိုးသမား အိုနာနာ ဟာ မြင့်မားတဲ့ပြောင်းရွှေ့ကြေးတစ်ရပ်ဖြစ်တဲ့ စတာလင်ပေါင် ၆၅ သန်းဖြင့် ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။ အိုနာနာ အနေနဲ့ မန်ယူအသင်းသို့ ရောက်ရှိချိန်ကစပြီး ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခဲ့သော်လည်း မလိုလားအပ်သည့် အမှားများကြောင့် ဝေဖန်မှုများနှင့် ရင်ဆိုင်နေခဲ့ရပြီး အနာဂတ် မရေမရာ ဖြစ်နေခဲ့ပါတယ်။ လက်ရှိနည်းပြ အာမိုရင် လက်အောက်တွင်လည်း ပွဲထွက်ဂိုးသမားအဖြစ် ပါဝင်နေသော်လည်း နည်းပြအာမိုရင် က အိုနာနာ ရဲ့ လက်စွမ်းပိုင်းကို ကြိုက်နှစ်သက်ခြင်း မရှိတဲ့အတွက် လက်ရှိအပြောင်းအရွှေ့ ကာလတွင် ရောင်းချရန်ဆုံးဖြတ်ထားပြီး အသင်းဟောင်း အင်တာမီလန်အသင်းက ပြန်လည်ခေါ်ယူလိုနေကာ ပြောင်းရွှေ့ကြေးကို စတာလင်ပေါင် သန်း ၃၀ သတ်မှတ်ထားကြောင်း သိရပါတယ်။(NVS 008)