အာဆင်နယ်အသင်းက ကွင်းလယ်ကစားသမား ထရိုဆာ့ဒ် ကို သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် ဆွေးနွေးမှုများစတင်
23 Aug
အာဆင်နယ်အသင်းက အနာဂတ်မရေမရာဖြစ်နေသည့် ကွင်းလယ်ကစားသမား ထရိုဆာ့ဒ် ကို သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် ဆုံးဖြတ်ခဲ့ပြီးနောက် ဆွေးနွေးမှုများ စတင်ပြုလုပ်နေကြောင်း သိရပါတယ်။ ထရိုဆာ့ဒ် နဲ့ အာဆင်နယ်အသင်းတို့ စာချုပ်သက်တမ်းမှာ တစ်နှစ်သာကျန်ရှိတော့ပြီး အစောပိုင်းမှာ ထရိုဆာ့ဒ် က လက်ရှိနွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလတွင် အသင်းမှထွက်ခွာလိုနေပြီး အာဆင်နယ်အသင်း ကလည်း ရောင်းချရန်ဆုံးဖြတ်ခဲ့ကာ ဘာစီလိုနာအသင်းနဲ့ အပြောင်းအရွှေ့သတင်းများ ထွက်ပေါ်ခဲ့ပါတယ်။ သို့သော် အာဆင်နယ်အသင်းနည်းပြ အာတီတာ က ထရိုဆာ့ဒ် ကို လက်မလွှတ်လိုသေးဘဲ အသင်းတွင် ဆက်လက်ထိန်းသိမ်းထားလိုတဲ့အတွက် အာဆင်နယ်အသင်းက ရောင်းချမည့်အစီအစဉ်ကို ပြန်လည်ရုပ်သိမ်း ခဲ့ပြီး လုပ်ခလစာတိုးမြှင့်ကာ သက်တမ်းတိုးစာချုပ်သစ် ချုပ်ဆိုရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။ လက်ရှိတွင် အာဆင်နယ် အသင်းတာဝန်ရှိသူများက ထရိုဆာ့ဒ် ရဲ့အေးဂျင့်နဲ့ သက်တမ်းတိုးစာချုပ်သစ် ချုပ်ဆိုရန်အတွက် ဆွေးနွေးမှုများစတင်ပြုလုပ်နေကြောင်း သိရပါတယ်။(NVS 008)