“ချမ်းမြသာစည်မြို့နယ်၌ စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပမည်”

22 Aug

မန္တလေး၊ ချမ်းမြသာစည်မြို့နယ်ရှိ KBZ Center Mandalay မှကြီးမှူး၍ ‘သင့်သွေးဖြင့် အသက်ကယ်ဖို့’ ရည်ရွယ်ချက်ဖြင့် စုပေါင်းသွေးလှူဒါန်းပွဲကို သြဂုတ်လ ၂၃ ရက် နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ချမ်းမြသာစည် မြို့နယ်၊ ၇၃ လမ်းရှိ KBZ Center Mandalay ဆေးခန်းတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ ပါဝင်လှူဒါန်းလိုသူ စေတနာသွေးလှူရှင်များ၊ လူမှုရေးအသင်းအဖွဲ့များသည် KBZ Center Mandalay Call Center ဖုန်း ၀၉-၉၄၁၆၀ဝ၉၉၉ သို့ ကြိုတင်စာရင်းပေးသွင်းလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလက်ခံရရှိသော သွေးအိတ်များကို မန္တလေးပြည်သူ့ဆေးရုံကြီး အမျိုးသားသွေးလှူဘဏ်ခွဲသို့ စနစ်တကျ လွှဲပြောင်းပေးလှူသွားမည်ဖြစ်၍ ပါဝင်လှူဒါန်းနိုင်ရန် KBZ Center Mandalay မှ ဖိတ်ခေါ်ထားကြောင်း သိရပါတယ်။ (NVS-004)

22 Aug

ADVERTISE HERE .