“ညောင်တုန်းမြို့နယ်တွင် နေလှန်းဆားများ အရောင်းအဝယ်ကောင်းမွန်နေ”

22 Aug

ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်မှ ဒေသထွက်နေလှန်းဆားများ အရောင်းအဝယ်ကောင်းမွန်နေ ကြောင်း ညောင်တုန်းမြို့နယ် နေလှန်းဆားရောင်းဝယ်ရေးပွဲရုံပိုင်ရှင်ထံမှ သိရပါတယ်။ ညောင်တုန်းမြို့နယ်ရှိ နေလှန်းဆားများကို ယခုနှစ် သြဂုတ်လ ဒုတိယပတ်ကစတင်ပြီး လက်ရှိအချိန်အထိ အရောင်းအဝယ်ကောင်းမွန်နေကာ နေလှန်းဆားတစ်ပိဿာလျှင် ငွေကျပ် ၅၅၀ အထိ ဈေးရရှိ၍ တစ်ရက်လျှင် နေလှန်းဆားပိဿာချိန် ၄,၀၀၀ ကနေ ၅,၅၀၀ ထိ အရောင်းအဝယ်ဖြစ်နေပါတယ်။ အခုလို နေလှန်းဆားများ အရောင်းအဝယ်ကောင်းနေခြင်းကြောင့် ဆားထုတ်လုပ်တဲ့လုပ်ငန်းများနဲ့ ဆက်စပ်တဲ့ သူများသည် အလုပ်အကိုင်အခွင့်အလမ်းရပြီး အဆင်ပြေလာကြကြောင်း သိရပါတယ်။ ညောင်တုန်းဒေသထွက် နေလှန်းဆားများကို ဆားလုပ်ငန်းရှင်များက စနစ်တကျထုတ်လုပ်ပြီး ရန်ကုန်ဈေး ကွက်သို့ အဓိကထားတင်ပို့ရောင်းချကာ နေလှန်းဆားပိဿာချိန် ၁၀၀ လျှင် ငွေကျပ် ၅၅,၀၀၀ ထိ ဈေးရရှိနေပါတယ်။ ဒါ့အပြင် ဒေသထွက်နေလှန်းဆားများကို ငါးပိ၊ ငါးခြောက်၊ ငံပြာရည် စတဲ့ လုပ်ငန်းများတွင် အသုံးပြုလျက်ရှိကြောင်း သိရပါတယ်။ (NVS-004)

22 Aug

ADVERTISE HERE .